သထုံ စိုက်ပျိုးရေးရုံးရှေ့တွင် အကြမ်းဖက်အမျိုးသား ၁ ဦးကို ဖမ်းဆီးရမိ

(မှုခင်း) ဇန်နဝါရီ ၁၁

မွန်ပြည်နယ် သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်၊ သထုံ-ဘားအံ ကားလမ်း၊ စိုက်ပျိုးရေးရုံးရှေ့တွင် ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်၌ ယာဉ်စစ်ပိတ်ဆို့စစ်ဆေးဆောင်ရွက်စဉ် သုဝဏ္ဏဝတီမြို့သစ်ဘက်မှ သထုံမြို့ အတွင်းသို့ မောင်းလာသော ဆိုင်ကယ်တစ်စီးအားရပ်တန့်စေရာ မရပ်ပဲ နောက်ပြန်လှည့်‌၍ မောင်းနှင်းထွက်ပြေးသဖြင့် လုံခြုံရေးအဖွဲ့မှ ဝိုင်းဝန်ပိတ်ဆို့ဖမ်းဆီးရာ အမျိုးသား ၁ ဦး ဖမ်းဆီးရမိကြောင်းသိရသည်။

ယာယီ ၈၀၃၅ နံပါတ်ပါ HONDA WAVE I (အပြာရောင်) ဆိုင်ကယ်မောင်းနှင်လာသူမှာ နေထွန်းဦး (၁၅)နှစ် စခန်းကြီးကျေးရွာ၊ သထုံမြို့နယ်နေသူနှင့် ၎င်း၏နောက်တွင် လိုက်ပါစီးနင်းလာသည့် ရဲမြင့်ထွန်း(ခ)ဘုတ်ဘုတ်(၁၉)နှစ် ညောင်ချောင်းကျေးရွာ၊ သထုံမြို့နယ်နေသူတို့သည် လုံခြုံရေးအဖွဲ့၏ ရပ်တန့်စစ်ဆေးမှုကိုလက်မခံပဲ နောက်ပြန်လှည့်ပြေးခဲ့ကြသူများဖြစ်ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့များမှ၎င်းတို့အားစစ်ဆေးရာ ရဲမြင့်ထွန်း(ခ)ဘုတ်ဘုတ်သည် ၂၀၂၂ ခုနှစ်၊ မေလတွင် KNU တပ်မဟာ(၁) လက်အောက်ခံ အကြမ်းဖက် PDF အဖွဲ့ဝင် မောင်ကတိမှ သထုံမြို့နယ်၊ မိချောင်းအိုင်ကျေးရွာသို့ ခေါ်ဆောင်သွားခဲ့ပြီး KNU တပ်မဟာ(၁) လက်အောက်ခံ အကြမ်းဖက် PDF အဖွဲ့ခေါင်းဆောင် မောင်သန့် ဦးစီးဖွင့်လှစ်သည့် အကြမ်းဖက် ဆေးတပ်သား သင်တန်းသို့ (၆)ပတ်ခန့် တက်ရောက်ခဲ့​ကြောင်းနှင့် အကြမ်းဖက် PDF အဖွဲ့တွင် (၁)နှစ်ခန့် ပါဝင်ဆောင် ရွက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရ၍ ရဲမြင့်ထွန်း (ခ)ဘုတ်ဘုတ်အား ဥပဒေအရ အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရပါသည်။

#PAN #သထုံံ #အကြမ်းဖက်အဖွဲ့