မြောက်ဥက္ကလာပမြို့နယ်တွင် လက်ပစ်ဗုံးများ တွေ့ရှိ


(ပြည်တွင်း)ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၂ ရပ်ကွက်တွင် လက်ပစ်ဗုံးများတွေ့ရှိကြောင်း ဒေသခံများ၏ပြောဆိုချက်များအရ သိရသည်။

ယနေ့ ဇန်နဝါရီ ၁၁ ရက်နေ့ မွန်းတည့်ပိုင်းတွင် ပလုံံလိုက်ကောက်သည့် ကလေးတစ်ဦးမှ အဆိုပါ လက်ပစ်ဗုံးများအား ကောက်ရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပလုံံလိုက်ကောက်သည့် ကလေးတစ်ဦး ကောက်ယူရရှိသည့် လက်ပစ်ဗုံးမှာ ၇ လုံးဖြစ်ပြီး အမှတ်၂ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ သွားရောက်အပ်နှံထားကြောင်း သိရသည်။

PAN #လက်ပစ်ဗုံး #မြောက်ဥက္ကလာ