ဓမ္မာရုံရေစက်ချလာသည့် ဦးမောင်ဝိတ်ကို လေးကျွန်းကျေးရွာသားတွေ ဆန္ဒပြ


(ပြည်တွင်း) ဇန်နဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး ၊ အမရပူရမြို့နယ်၊ရှမ်းလေးကျွန်းကျေးရွာအုပ်စု၊ရှမ်းလေးကျွန်းကျေးရွာ ရှမ်းလေးကျွန်းကျေးရွာရှိ ရွာဦးပရိယတ္တိစာသင်တိုက်၊စန္ဒသုခဓမ္မာရုံ ရေစက်ချမင်္ဂလာ အခမ်းအနားသို့လာရောက်သည့် အမရပူရမြို့ပြစီမံကိန်းဥက္ကဌ ဦးမောင်ဝိတ်အား ဒေသခံများမှ ဆန္ဒပြသခဲ့ကြကြောင်း သိရသည်။

ယနေ့နံနက် ၁၀နာရီ၃၅မိနစ်အချိန်ခန့်က ရှမ်းလေးကျွန်းကျေးရွာနေသူ ဦးနိုင်ဝင်း ဦးဆောင်ပြီး ကျေးရွာနေပြည်သူ ၁၀၀ဦးခန့်က ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြသူတွေဟာ ကပ်ထူစက္ကူပေါ်တွင် ကျေးရွာအနီး သဲဖို့ခြင်း ချက်ခြင်းရပ်၊ နိုင်ငံတော်အကြီးအကဲများကျန်းမာပါစေ၊ MBCCD ကုမ္ပဏီကျေးရွာပိုင် အများသုံးလမ်းများသိမ်းဆည်းခြင်းအား လျော်ကြေးပေး၊ ကျေးရွာပိုင် စိုက်ပျိုးထားသည့် မြေပဲသီးနှံများ သဲဖို့ဖျက်ဆီးခြင်းအတွက် လျော်ကြေးပေး လျော် ကြေးပေး၊ ရွာပိုင်သင်္ချိုင်းမြေ ချက်ခြင်းပေး ချက်ခြင်းပေး၊ ကုမ္ပဏီမှပိတ်ထားသော ကျေးရွာအဝင်လမ်းအား ချက်ခြင်းဖွင့် စာသားပါ ဆိုင်းပုဒ်တွေကိုကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ရှမ်းလေးကျွန်းကျေးရွာက ဆန္ဒပြသူတွေဟာကျေးရွာစာသင်ကျောင်းရှေ့မှ ကျေးရွာမြောက်ဘက် ရွာဦးပရဟိတ စာသင်တိုက်သို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

#PAN #မောင်ဝိတ် #အမရပူရမြို့ပြစီမံကိန်း #အမရပူရ #ဆန္ဒပြ