(ပြည်တွင်း) ဇန်နဝါရီ ၁၁
အကြမ်းဖက်သောင်းကျန်းသူ PDF+KNU ပူးပေါင်းအဖွဲ့များက တည်ငြိမ်မှုပျက်ပြားစေရန်ရည်ရွယ်၍ အေးချမ်းစွာနေထိုင်သော ပြည်သူများ၏လူနေရပ်ကွက်အတွင်းသို့ ဒရော့ဗုံးများ ကြဲချခဲ့မှုကြောင့် အရွယ်မရောက်သေးသူ ၆ နှစ်အရွယ် ကလေးငယ်အပါအဝင် နှစ်ဦးသေဆုံးကာ တစ်ဦးမှာပြင်းထန် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင် ၊ကျောက်တံခါးမြို့ ၊စာတိုက်ရပ်ကွက်အတွင်းသို့ အကြမ်းဖက်သောင်းကျန်းသူများဖြစ်ကြသော PDF+KNU အဖွဲ့များမှ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က ဒရော့ဗုံးနှစ်လုံးဖြင့်အကြောင်းမဲ့ ကြဲချတိုက်ခိုက်ခဲ့ရာ အဆိုပါရပ်ကွက်အတွင်း အေးချမ်းစွာနေထိုင်နေကြသော သာမာန်ပြည်သူ အိန္ဒိယနွယ်ဖွား ဟိန္ဒူဘာသာဝင် ဒေါ်လာခပသီး (၃၉)နှစ် ဦးခေါင်းထိမှန်ဒဏ်ရာရရှိကာ(သေဆုံး) ၊ မောင်ကစ္စနား(၆)နှစ် ညာဘက်ပေါင်ရင်း ဒါဏ်ရာရရှိကာ(သေဆုံး)၊ ဒေါ်စန်းမြင့်(၆၅) နှစ် ဘယ်ဘက်ခြေဖဝါးလယ် ဖောက်ထွက်ဒါဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ယခင်ရက်ပိုင်းခန့်ကလည်း သောင်းကျန်းသူအဖွဲ့များ၏ စည်းကမ်းမဲ့စွာထောင်ထားသောမိုင်းအား နင်းမိ၍ အိန္ဒိယနွယ်ဖွားလယ်ပိုင်ရှင်တစ်ဦးသေဆုံးခဲ့ရပြီး မကြာခဏ ယခုကဲ့သို့ ဖြစ်စဥ်များအားအကြမ်းဖက်အဖွဲ့များမှလုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။
#PAN #PDF #KNU #ဒရော့ဗုံး #ကျောက်တံခါးမြို့