(ပြည်တွင်း) ဇန်နဝါရီ ၁၀
ညစ်ညမ်းစာပေများကို ပုံနှိပ်ထုတ်ဝေဖော်ပြပြီး ထုတ်ဝေစာပေးပို့ရန် ပျက်ကွက်ခဲ့သည့် ပုံနှိပ်ထုတ်ဝေ သူ ၆ ဦးကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်းက အရေးယူထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားပါတယ်။
အရေးယူခံရသူများမှာ ဦးရာဇာရဲထွဋ်၊ ဒေါ်စိန်ကြည်၊ ဒေါ်အေးမြတ်မွန်၊ ဒေါ်ချိုဇင်သဲ၊ ဒေါ်ဆုစန္ဒီသင်း နှင့် ဒေါ်လှိုင်ယမင်း တို့ဖြစ်ကြပြီး ၎င်းတို့အနေနဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ဂ)ပါ ညစ်ညမ်းစာများကိုဖော်ပြခြင်း စည်းကမ်းချက်ကိုဖောက်ဖျက်၍ ဟီရိဩတ္တပ္ပကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော၊ လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့်ခံစား နားလည်မှုကို လွဲမှားစေ နိုင်သော အကြောင်းအရာများကို ပုံနှိပ်၊ ထုတ်ဝေဖြန့်ချိခဲ့ကြောင်း တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို ဥပဒေစည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်သော ဖော်ပြပါ ပုံနှိပ်သူနှင့် ထုတ်ဝေသူ များကို လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ပြုလက်မှတ်များ ရုပ်သိမ်းခြင်း၊ ၎င်းတို့၏ ထုတ်ဝေစာအုပ်များကို တရားမဝင် ထုတ်ဝေစာအဖြစ် ထုတ်ပြန်ကြေညာခြင်း၊ ဥပဒေနှင့်အညီ တရားစွဲဆိုခြင်းများ ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပုံနှိပ်သူနှင့်ထုတ်ဝေသူများအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို လေးစား လိုက်နာ ကြရန်နှင့် ဥပဒေပါစည်းကမ်းချက်များကိုဖောက်ဖျက်၍ ပုံနှိပ်၊ ထုတ်ဝေခြင်းများကို ပြုလုပ်ပါက ဥပဒေနှင့်အညီ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဌာနက အသိပေး ကြေညာထားပါတယ်။
Telegram»…
https://t.me/positiveanglenews