(ပြည်တွင်း) ဇန်နဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ပုဂံမြို့သစ်၊ ဥယျာဉ်ကျေးရွာအနီး ချောက်-ညောင်ဦး သွားကားလမ်းပေါ်ရှိ သဲချောင်းတွင် ယနေ့မွန်းတည့်ချိန်က အကြမ်းဖက်အင်အား ၄ ဦးခန့်မှ ဆိုင်ကယ်ဖြင့် ငါးခြောက်လှည့်လည်ရောင်းချသော အရပ်သားတစ်ဦးအား သတ်ဖြတ်သွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဦးအောင်မင်းလွင်၊ ၄၆ နှစ်၊ (ဘ)ဦးညွန့်မောင်၊ ဈေးရောင်း၊ သာယာဝတီအလယ်ပိုင်းရပ်၊ အမှတ်(၁)ရပ်ကွက်၊ ညောင်ဦးမြို့နယ်နေသူသည် မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ၎င်းပိုင် လီဖန်းအမျိုးအစား အပြာရောင်ဆိုင်ကယ်ဖြင့် လှည့်လည်၍ ငါးခြောက်ရောင်းချသူဖြစ်ပြီး ယနေ့ နံနက် ၁၁ နာရီ ၂၅ မိနစ် အချိန်ခန့်တွင် ကြအိုကျေး ရွာဘက်မှ ဥယျာဉ်ကျေးရွာဘက်သို့ ၎င်းပိုင် ဆိုင်ကယ်ဖြင့် ညောင်ဦး-ချောက် သွားကားလမ်းအတိုင်း မောင်းနှင်လာစဉ် ဥယျာဉ်ကျေးရွာအနီးရှိ သဲချောင်းသို့ အရောက်တွင် အသင့်စောင့်ဆိုင်းနေသော အကြမ်းဖက် အင်အား ၄ ဦးခန့်တို့မှ သေနတ် အတို/အရှည်များဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ဦးအောင်မင်းလွင်တွင် နောက်စေ့ဖောက်ဝင် မျက်နှာ ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ရင်ညွန့် ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိကာ သေဆုံးခဲ့ပြီး အကြမ်းဖက်(စိစစ်ဆဲ)အဖွဲ့မှာ ရွာသစ်ကျေးရွာဘက်သို့ ထွက်ပြေးသွားကြောင်း သိရှိရသည်။
Telegram»…
https://t.me/positiveanglenews