(အားကစား) ဇန်နဝါရီ ၉
ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် အီလွန်မက်စ် ဟာ ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်အသင်းကို ဝယ်ယူဖို့ အတွက် စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာ နေပါတယ်။
အီလွန်မက်စ် ဟာ လီဗာပူးလ်အသင်းကို ဝယ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်ဆိုတဲ့အကြောင်းကို သူ့ရဲ့ဖခင် ဖြစ်သူ ကိုယ်တိုင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အီလွန်မက်စ် က လီဗာပူးလ်အသင်းကို ဝယ်ယူတော့မယ်လို့ သတင်းတွေ ထွက်လာခဲ့ရင် အသင်းပိုင်ရှင်တွေက တန်ကြေးအဆမတန် မြှင့်လိုက်မှာကြောင့် မှတ်ချက်မပေးချင် ပေမယ့် သူ့အနေနဲ့ လီဗာပူးအသင်းကို ဝယ်ယူဖို့ ဆန္ဒရှိနေတယ်လို့ အီလွန်မက်စ်ရဲ့ ဖခင်ဖြစ်သူက Times Radio နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
အခုလိုပြောတာက အီလွန်မက်စ် အနေနဲ့ လီဗာပူးအသင်းကို ဝယ်ယူဖို့အတွက် အမြန်ဆုံးကြိုးစားသွားမယ်လို့ ပြောနေတာမျိုးမဟုတ်ပေမယ့် ဝယ်ယူဖို့အတွက် အလားအလာ ရှိနေတယ်လို့လည်း ဆက်လက်ပြောကြားခဲ့ပါ သေးတယ်။
အီလွန်မက်စ် ဟာ အခုလက်ရှိမှာ Tesla လို နာမည်ကြီး ကားကုမ္ပဏီနဲ့ X လူမှုကွန်ရက်တို့ရဲ့ ပိုင်ရှင်တစ်ယောက် ဖြစ်သလို ခန့်မှန်းခြေပေါင် ၃၄၀ ဘီလီယံလောက်ထိ ချမ်းသာတဲ့လူတစ်ယောက်ဖြစ်တာကြောင့် အသင်းပိုင်ရှင်သစ်ဖြစ်လာမယ့် အီလွန်မက်စ် အပေါ် လီဗာပူးပရိသတ်တွေက ကြိုဆိုနေကြပါတယ်။
Telegram»…
https://t.me/positiveanglenews