(နိုင်ငံတကာ) ဇန်နဝါရီ ၈
အင်ဒိုနီးရှားနိုင်ငံသည် BRICS အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်နိုင်ခဲ့ပြီဖြစ်ကြောင်း ဘရာဇီးအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အင်ဒိုနီးရှားနိုင်ငံသည် BRICS အဖွဲ့သို့ ဝင်ရောက်ရန် ဆန္ဒရှိကြောင်း ယခင် ကတည်းက ဖော်ပြခဲ့သည်။
ဘရာဇီးနိုင်ငံသည် ၂၀၂၅ ခုနှစ်အတွက် BRICS အဖွဲ့၏အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် အင်ဒိုနီးရှားနိုင်ငံ၏ပူးပေါင်းပါဝင်မည့် ကြိုးပမ်းချက်ကို အများ၏ဆန္ဒနှင့်အညီ ဇန်နဝါရီလ ၆ ရက် တွင် သဘောတူခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံအား ၂၀၂၃ ခုနှစ်ကတည်း က ခွင့်ပြုခဲ့သော်လည်း ယင်းနိုင်ငံအတွင်း၌ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲကျင်းပပြီးချိန်မှ ဝင်ရောက်ရန် BRICS အဖွဲ့က တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
BRICS အဖွဲ့သည် ကနဦးတွင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက တို့ဖြင့် ဖွဲ့စည်းထား သော်လည်း ယခုအခါ အင်ဒိုနီးရှား၊ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်နှင့် အာရပ်စော်ဘွား များ ပြည်ထောင်စု စသည့် နိုင်ငံများပါ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လာပြီဖြစ်သည်ဟု ST သတင်းဌာနတွင် ဖော်ပြထားသည်။
Telegram»…
https://t.me/positiveanglenews