(ပြည်တွင်း) ဇန်ဝါရီ ၁

ဒေသခံတောင်သူများ၏ စိုက်ပျိုးလယ်ယာမြေအတွင်း အကြမ်းဖက်သောင်းကျန်းသူ KNU+PDFအဖွဲ့များမှစည်းကမ်းမဲ့စွာ မိုင်းထောင်ထားခဲ့ရာမှ ပိုးသတ်ဆေးဖျန်းရန် မိမိလယ်ယာမြေအတွင်းသွားရောက်ခဲ့သူ အိန္ဒိယနွယ်ဖွား ဟိန္ဒူဘာသာဝင်အမျိုးသားတစ်ဦး မိုင်းနင်းမိရာမှပေါက်ကွဲပြီး အသက်အန္တရာယ်(စိုးရိမ်ရ) ထိခိုက်ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်းဒေသခံများထံမှသိရသည်။

ဖြစ်စဥ်မှာ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၁၀ အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး ၊ကျောက်တံခါးမြို့နယ် ၊ ကျောက်တံခါးမြို့၏အရှေ့ဘက် ၂ မိုင်ခန့်အကွာ သမင်အင်းကုန်းကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာနေ ဦးစိနယ်ဒါန်း(၄၈)နှစ်၊ လယ်ယာလုပ်ကိုင်သူသည် ဇီးကုန်းကျေးရွာ၏အရှေ့ဘက်ရှိ လယ်ကွက်ထဲသို့ ပိုးသတ်ဆေးဖျန်းရန်သွားခဲ့ရာ ၎င်းလယ်ကွက်ထဲတွင် အကြမ်းဖက် KNU+PDF အဖွဲ့များမှ ထောင်ထားသော အမျိုးအစား(စိစစ်ဆဲ) မိုင်း(၁)လုံးအားတက်နင်းမိခဲ့ရာမှ ဦးစီနယ်ဒါန်းတွင် လိင်တံထိပ်ဖျား ပြတ်ထွက်ဒဏ်ရာ၊ ဝဲ/ယာပေါင် ပေါက်ပြဲဒဏ်ရာ၊ ဝဲခြေသလုံးရိုး ပြတ်ထွက်ဒဏ်ရာ၊ ယာခြေမျက်စေ့ ပေါက်ပြဲစုတ်ပြတ် ဒဏ်ရာ၊ မေးစေ့အောက် ပေါက်ပြဲဒဏ်ရာ အတွင်းလူနာ(စိုးရိမ်ရ)ဒဏ်ရာများရရှိကာ ကျောက်တံခါးမြို့နယ်ပြည်သူ့ဆေးရုံမှ တစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့တင်ပို့ ဆေးကုသထားရကြောင်းသိရသည်။
အကြမ်းဖက်အဖွဲ့များသည် ပဲခူးတိုင်းဒေသကြီး(အရှေ့)ဘက်အခြမ်းတွင် ခေါင်းစဥ်အမျိုးမျိုးပြကာ ဒေသခံတိုင်းရင်းသား ညီအစ်ကိုမောင်နှမနှင့် ဒေသခံတောင်သူများ ၊ဒေသခံလုပ်ငန်းရှင်များအား ခေါင်းစဥ်အမျိုးမျိုးပြ၍ ခြိမ်းခြောက်ကာ ဆတ်ကြေးများကောက်ခံခြင်း ၊ အများပြည်သူအသုံးပြုနေသော မီးရထားလမ်းများ ၊တံတားများ ၊လျှပ်စစ်တာဝါတိုင်များ ၊ ဆက်သွယ်ရေးတာဝါတိုင်များ၊ လမ်းများအားဗုံးထောင်ဖောက်ခွဲခြင်း ၊ နိုင်ငံရေးယုံကြည်ချက်/ ရပ်တည်ချက်မတူညီသူများအား ဒလန်ခေါင်းစဥ်တပ်၍ ချောင်းမြောင်း လုပ်ကြံသတ်ဖြတ်ပြီး အများပြည်သူသွားလာရာ လမ်းမကြီးများ၊ လယ်ယာမြေများအတွင်း မိုင်းများအား ထောင်းထားသဖြင့် အထက်ပါဖြစ်စဥ်ကဲ့သို့ဖြစ်စဥ်များမကြာခနဖြစ်ပွားလျှက်ရှိသည်။
Telegram»…
https://t.me/positiveanglenews