(အားကစား) ဒီဇင်ဘာ ၁
ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ် က ဗြိတိန် အဆင့် ၁ တင်းနစ်အားကစား ဖြစ်ခဲ့ဖူးတဲ့ အင်ဒီမာရေးနဲ့ အတူလက်တွဲအလုပ်လုပ်ရတာက စိတ်ကျေနပ်စရာကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကမှ ကစားသမားဘဝကနေ အနားယူထားတဲ့ မာရေးကို နည်းပြအဖြစ် ဂျိုကိုဗစ်က ခန့်အပ်ထားခဲ့ဖြစ်ပြီး ဂျိုကိုဗစ် ဟာ လာမယ့်တစ်ပတ်ထဲ ကျင်းပမယ့် ဘရစ္စဘိန်း နိုင်ငံတကာပြိုင်ပွဲ ဝင်ပြိုင်ဖို့အတွက် ပြင်ဆင်နေပါတယ်။
အင်ဒီမားရေး က ကစားသမားဘဝကနေ အနားယူထားတာ မကြာသေးတာကြောင့် လက်ရှိ တင်းနစ် ကစားသမားတွေရဲ့ အားသာချက် အားနည်းချက်တွေကို သိရှိနေပြီး ပြိုင်ပွဲအတွက်ပြင်ဆင်ရာမှာ ပိုပြီး ပြည့်စုံစေ တယ်လို့ ဂျိုကိုဗစ်က ပြောသွားခဲ့ပါတယ်။ ဂျိုကိုဗစ် ဟာ အခုနှစ် တင်းနစ်ရာသီမှာ စွမ်းဆောင်ရည် ကျဆင်းခဲ့ပြီး နောက် ကမ္ဘာ့အဆင့် ၇ အထိ ရောက်သွားခဲ့ပါတယ်။
လာမယ့် တင်းနစ်ရာသီမှာတော့ နိုင်ပွဲတွေနဲ့အတူ ကမ္ဘာ့ အဆင့်မှာ ပြန်လည် တိုးတက်လာဖို့ကို မျှော်လင့်နေပြီး ဘရစ္စဘိန်းပြိုင်ပွဲ ၃၂ ဦးအဆင့်ပွဲစဉ်အဖြစ် ဂျိုကိုဗစ် ဟာ ဩစတြေးလျနိုင်ငံသား ဟီဂျီကာတာနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
#PAN