မော်တော်ယာဉ်များအားလုံးယာဉ်စစ်ဆေးပြီးမှ မှတ်ပုံတင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေး ကြေညာ

(ပြည်တွင်း) ဇန်နဝါရီ ၁

မှတ်ပုံတင်ထားတဲ့ ယာဉ်များအနက် Road Safety အရေးကြီးသည့် အများပြည်သူ သယ်ယူပို့ဆောင်ရေး ခရီးသည်တင်ယာဉ်များ၊ ယာဉ်မှန်/မမှန် စစ်ဆေးခြင်း၊ ပြောင်းလဲခြင်းများအတွက် ယာဉ်စစ်ဆေးခြင်း၊ နယ်ဝင် ယာဉ်များကို စစ်ဆေးခြင်းနှင့် အကျုံးဝင်တဲ့ ယာဉ်များ၊ Taxi အငှားယာဉ်များ၊ School Bus ယာဉ်များနှင့် နှစ်တန်နဲ့ အထက် အငှားယာဉ်များကို ယာဉ်စစ်ဆေးပြီးမှသာ သက်တမ်းတိုးဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ကုန်လမ်း သယ်ယူပို့ဆောင်ရေးဦးစီးဌာနက ကြေညာထားပါတယ်။

ယခုအခါ ယာဉ်များကြံ့ခိုင်မှု ကောင်းမွန်စေရေးနှင့် အများပြည်သူဆိုင်ရာလမ်းများပေါ်တွင် အန္တရာယ် ကင်းစွာ သွားလာနိုင်ရေးအတွက် မှတ်ပုံတင် မော်တော်ယာဉ်များ အားလုံးကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စတင်၍ ယာဉ်သက်တမ်းတိုးခြင်း အပါအဝင် ယာဉ်မှတ်ပုံတင်ခြင်းလုပ်ငန်းများအတွက် ယာဉ်စစ်ဆေးပြီးမှသာ ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ကုန်လမ်းသယ်ယူပို့ဆောင်ရေးဦးစီးဌာနမှ အသိပေးကြေညာ ထားကြောင်း သိရပါတယ်။

#PAN