(ပြည်တွင်း) ဒီဇင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၉)မြို့မရဲစခန်းတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က ဆင်ဖြူတော် သယ်ယူပို့ဆောင်ရေးနှင့် အလှကုန်ပစ္စည်းရောင်းဝယ်ရေးကုမ္ပဏီ အထွေထွေမန်နေဂျာဖြစ်သူမှ သေနတ်ဖြင့်ခြိမ်းခြောက်ကာ မော်တော်ယာဉ်နှင့်ငွေများအား လုယက်သွားခဲ့သည့် အမျိုးသား ၂ ဦးအပေါ် အရေးယူပေးရန် တိုင်တန်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၅-၁၂-၂၀၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ဦးမျိုးကျော်သည် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁)ရပ်ကွက်၊ ၄၃ လမ်း၊ ၆၄×၆၅ လမ်းကြားရှိ ဆင်ဖြူတော် သယ်ယူပို့ဆောင်ရေးနှင့် အလှကုန်ပစ္စည်းရောင်းဝယ်ရေးကုမ္ပဏီ၌ ဝန်ထမ်းများဖြစ်သည့် မကြင်နွဲ့၊ မဇင်၊ မနန်းတို့နှင့် အတူရှိနေစဉ် နှာခေါင်းစည်း(Mask) များတပ်ထားသည့် အမျိုးသား ၂ ဦးသည် ရုံးခန်းအတွင်းသို့ ဝင်ရောက်လာပြီး ၎င်းတို့ လွယ်ထားသည့် လွယ်အိတ်အတွင်းမှ သေနတ်အတိုနှင့် သေနတ်အရှည်တို့အား ထုတ်၍ “မလှုပ်နဲ့ လှုပ်ရင်ပစ်မှာ”ဟု ခြိမ်းခြောက်ပြောဆိုပြီး လျှပ်စစ်မီးမိန်းခလုတ်အား လိုက်လံပြသခိုင်းသဖြင့် မနန်းက ပြသခဲ့ရာ အမျိုးသား ၂ ဦးမှ မိန်းခလုတ်အား ပိတ်ခဲ့ကြောင်း၊ ၎င်းနောက် ရုံးခန်းအတွင်းရှိ သံသေတ္တာအတွင်းမှ မြန်မာငွေရောရာ ကျပ်သိန်း ၆၀၀ ခန့်အား ယူဆောင်သွားခဲ့ပြီး ရုံးခန်းရှေ့၌ ရပ်ထားသည့် Suzuki Ertiga အမျိုးအစား အဖြူရောင်၊ ယာဉ်အမှတ် MDY-16/ 4Q/1196 အား ယူဆောင်မောင်းနှင်သွားခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသား ၂ ဦးက ဖြစ်စဉ်အားမည်သူ့ကိုမျှ ပြောဆိုတိုင်တန်းခြင်းမပြုရန်၊ တိုင်တန်းပါက နောက်တစ်ကြိမ် ပြန်လာ၍ ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ သဖြင့် ယနေ့မှလာရောက်၍ အမှုဖွင့်တိုင်တန်းခြင်းဖြစ်ကြောင်း သိရှိရသည်။
Telegram»…
https://t.me/positiveanglenews
PAN