ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်ထိ အကြမ်းဖက်PDFအဖွဲ့များက ယာဥ်များအား စစ်ဆေးမှုများပြုလုပ် လာ


(ပြည်တွင်း) ဒီဇင်ဘာ ၂၃

ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် ၃၁၈/၆ ဖာလုံ အနီး၌ ယနေ့ ၁၀ နံနက်နာရီ ၃၀ အချိန်ခန့်က အကြမ်းဖက် PDF အဖွဲ့မှ လမ်းပေါ်တက်၍ ယာဉ်များကို စစ်ဆေးမှု များပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် PDF များသည် ရန်ကုန်မှ မန္တလေးဘက်သို့ မောင်းလာသည့် ယာဉ်ငယ်တစ်စီးကို ဇီးတောဆည်ဘောင်ဘက်သို့ ခေါ်ဆောင်သွားကြောင်း ခရီးသည်များ၏ ပြောကြားချက်အရ သိရသည်။

နွားထိုးကြီးမြို့နယ် အခြေစိုက် အကြမ်းဖက် PDF အဖွဲ့များသည် ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း ရန်ကုန်-မန္တလေး မိုင်တိုင် ၃၁၈ အနီး ဇောက်ချောင်းတံတားရှိ ရဲကင်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဆိုပါ လမ်းပိုင်းတွင် အကြမ်းဖက် PDF အဖွဲ့ များမကြာခဏ လှုပ်ရှားလျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN