ကုန်သွယ်မှုပိုငွေ အမေရိကန်ကန်ဒေါ်လာ သန်း ၄၀၀ ရှိမည်ဟုခန့်မှန်း


(စီးပွားရေး) ဒီဇင်ဘာ ၂၀

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ သွင်းကုန်တန်ဖိုးထက် ပို့ကုန်တန်ဖိုးပိုများဖို့ ခန့်မှန်းထားတာကြောင့် ကုန်သွယ်မှု ပိုငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ရှိမယ်လို့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်မှ ခန့်မှန်းထားပါတယ်။

ယခုဘဏ္ဍာနှစ်အတွက် ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၇ ဘီလီယံရရှိဖို့ ခန့်မှန်းထားပြီး သွင်းကုန်တန်ဖိုးက အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၃ ဘီလီယံရရှိမယ်လို့ ခန့်မှန်းထား ပါတယ်။

အခုဘဏ္ဍာနှစ် ဧပြီလကနေ နိုဝင်ဘာလအထိ ၈ လအတွင်း ပို့ကုန်လျာထားချက်ရဲ့ ၆၀ ရာခိုင်နှုန်းဆောင်ရွက် နိုင်ခဲ့တယ်လို့ စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကသိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ မှာ ကုန်သွယ်မှု ပိုငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရှိမယ်လို့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်မှာ ခန့်မှန်းခဲ့ပါတယ်။

လက်ရှိမှာ ပြည်ပသို့ ပို့ကုန်တင်ပို့ရာမှာ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများအပြင် လေကြောင်းလိုင်းများမှတစ်ဆင့် တင်ပို့‌နေပြီး ထိုင်း၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ အပါအဝင် ပြည်ပနိုင်ငံပေါင်း ၁၀၀ ကျော် ကို ပို့ကုန်များ တင်ပို့နေတယ်လို့ စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN