မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ ဒေသဆိတ်အရှင် ၁,၄၅၀ ကောင်တင်ပို့ခဲ့


(ပြည်တွင်း) ဒီဇင်ဘာ ၁၉

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန Mansa Iron And Steel Fabrication & Manufacturing Co.Ltd တို့ ပူးပေါင်း၍ ဒေသဆိတ်အရှင် ၁,၄၅၀ ကောင်ကို မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် မလေးရှား‌လေကြောင်း Flight No.MH 6475 ဖြင့် ဒီဇင်ဘာလ ၁၇ ရက်က တရားဝင်တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ ဒေသဆိတ်အရှင်တရားဝင်တင်ပို့နိုင်ရေးအတွက် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက် ခဲ့ရာ မြန်မာနိုင်ငံမှ Mansa Iron And Steel Fabrication Manufacturing Co., Ltd က မလေးရှားနိုင်ငံ TPL Kamram Group ကုမ္ပဏီသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ပူးပေါင်းဆောင်ရွက်မှုနှင့် တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN