“စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ”

(စီးပွားရေး) ဒီဇင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄) ကို ဒီဇင်ဘာလ ၁၇ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရပါတယ်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် က မိမိတို့ တိုင်းဒေသကြီးအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သက်ဆိုင်သည့် ကုန်ထုတ်လုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME)များနှင့် သမဝါယမအသင်းများအား လုပ်ငန်းအမျိုးအစားများအလိုက် ချေးငွေများထုတ်ချေးထားပြီးဖြစ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပဈေးကွက် သုတေသနများကို MSME လုပ်ငန်းများအလိုက် စစ်တမ်းများ စနစ်တကျအသုံးချကာ လုပ်ငန်းများ မြှင့်တင်နိုင်ရန်၊ ဝန်ဆောင်မှုပေးရန် စတဲ့ လုပ်ငန်းစဉ်များကို စစ်ကိုင်းတိုင်းဒေသကြီး MSME Agency မှ မှန်ကန်စွာ ရွေးချယ်ဆောင်ရွက်ပေးသွားရမယ်လို့ ပြောကြားခဲ့ပါတယ်။

ထို့နောက် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း မိမိတို့ ဌာနများအလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ချေးငွေများ ထုတ်ချေးပေးထားမှုများနှင့် ချေးငွေများဖြင့် ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း IMSME (MSMEs)များ ဆောင်ရွက်နေမှုအခြေအနေများကို တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ပြီး မုံရွာခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ချေးငွေများဖြင့် ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

#PAN