ဝေါမြို့နယ်တွင် ယာဉ်(၂)စီး မျက်နှာချင်းဆိုင်တိုက်မိ၍ လူ(၂)ဦး သေဆုံး

(မှုခင်း) ဩဂုတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၈/၃)၌ ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ယာဉ်(၂)စီး မျက်နှာချင်းဆိုင်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာဥ်တိုက်မှုဖြစ်ပွားသည့်နေရာသို့ ဝေါမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၁) ဦးတို့ သေဆုံးခဲ့ပြီး သေဆုံးသူများအား ဝေါလူမှုကူညီရေးအသင်းယာဉ်ဖြင့် ဝေါမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

‌PAN