မော်လမြိုင်မြို့တွင်ဂတ်မီးဖို မှတစ်ဆင့် နေအိမ် မီးလောင်မှုဖြစ်ပွား

(မှုခင်း) ဩဂုတ် ၁၇

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက် တိုးချဲ့(၈)လမ်းတွင် အိမ်ဌားနေထိုင်သည့် အသက် ၄၄ နှစ်အရွယ် ဦးလင်းပိုင်၏ နှစ်ထပ်တိုက်နေအိမ်အပေါ်ထပ်တွင် ဩဂုတ်လ ၁၆ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်၌ ဂတ်မီးဖိုမှတစ်ဆင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်း မီးလောင်မှုမှာ ဂတ်မီးဖိုနှင့် မီးမွှေးထားရာမှ အနီးရှိ ဓာတ်ဆီထည့်ထား‌သော ဗူးများအား မီးကူးစက်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနထံမှ သိရသည်။

မီးလောင်မှု ဖြစ်ပွားရာသို့ မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးကျော်သူ ဦးစီးသော မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများမှ မီးသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၂ စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီခွဲအချိန်က မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး မီးပေါ့ဆစွာသုံးစွဲသူ ဦးလင်းပိုင်အား မုပွန်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေး ယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

‌PAN