ဥတ္တရသီရိမြို့နယ်တွင် ၆ဘီးယာဥ်အား ခရီးသည် EXPRESSယာဥ်မှ နောက်ကဝင်တိုက်မှုဖြစ်ပွား

(မှုခင်း) သြဂုတ် ၁၇

နေပြည်တော်၊ဥတ္တရသီရိမြို့နယ်၊မင်းကုန်းကျေးရွာအုပ်စု၊မင်းကုန်းကျေးရွာ၊ပျဥ်းမနား-တောင်ညိုလမ်း မိုင် တိုင်အမှတ် ၁၇/၁ဖာလုံ အနီးတွင် ယာဥ်တိုက်မှုတစ်ခုဖြစ်ပွါးခဲ့ကြောင်း သိရသည်။

ယနေ့မွန်းလွဲ၃နာရီခွဲအချိန်ခန့်က ပျဥ်းမနား-တောင်ညိုလမ်း အတိုင်းယာဥ်မောင်း ဦးနိုင်မင်း ၊ ၄၂ နှစ်၊( ဘ)ဦးမောင်လွင် ၊စည်သာအေးကျေးရွာ၊မောင်ရမ်းအုပ်စု၊ဥတ္တရသီရိမြို့နယ်နေသူမောင်နှင်းလာသော ယာဥ်အမှတ် YGN-6 2Q /….. JAC ၆ဘီးယာဥ်မှာ မင်းကုန်းလမ်းခွဲအရောက် ဘယ်ဘက်သို့အချက်ပြမီး ပြ၍ချိုးကွေ့စဥ်အနောက်မှလာရာတူလမ်းအတိုင်းယာဥ်မောင်း၊ဦးထက်ပြည့် ၊(ဘ) ဦးကြည်ဝင်း၊ (သက်) ၃၇ နှစ်၊ မြဝတီလမ်း၊အိမ်အမှတ် ၁၆၇၁ ၊၁၄၀ ရပ် ကွက်၊တောင်ဒဂုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး နေသူမောင်နှင်းလာသော ယာဥ်အမှတ်၊YGN-3 2R၊……. မန္တလာမင်း EXPRESS ယာဥ်မှာအရှိန်မထိန်းနိုင်ဘဲနောက်မှ ဝင်ရောက်တိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် EXPRESS ယာဥ်၏ညာဘက်ခြမ်းလေကာမှန်ကြေမွပျက်စီး ခဲ့ကြောင်းကနဦးသတင်းရရှိသည်။

Telegram -t.me/positiveanglenews

#PAN