ဗိုလ်ချုပ်ကြီး အသတ်ခံရပြီးနောက် ဥဇဘက်ကစ္စတန် အမျိုးသားတစ်ဦးကို ရုရှားစတင်ဖမ်းဆီး


(နိုင်ငံတကာ) ဒီဇင်ဘာ ၁၈

ဗိုလ်ချုပ်ကြီး Igor Kirillov နှင့် ၎င်း၏လက်ထောက်တို့ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ဥဇဘက်ကစ္စတန် အမျိုးသားတစ်ဦးကို ရုရှားစတင်ဖမ်းဆီးလိုက်ကြောင်းသိရသည်။

ရုရှားဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှု (FSB) က ဖမ်းဆီးထားသည့် အသက် ၂၉ နှစ်အရွယ် ဥဇဘက်ကစ္စတန် အမျိုးသားသည် အကြမ်းဖက်မှုလုပ်ရပ်များ ကျူးလွန်ခဲ့သည်ဟု သံသယရှိကြောင်း ထုတ်ပြန်ထားသည်။

စုံစမ်းမေးမြန်းမှုများတွင် ယူကရိန်းထောက်လှမ်းရေးနှင့် ဆက်နွယ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သံသယရှိသူအား ဒေါ်လာတစ်သိန်းနှင့် ဥရောပနိုင်ငံတစ်နိုင်ငံသို့ ပြောင်းရွှေ့ခွင့်ပြုမည့် အာမခံချက်တစ်ရပ် သဘောတူညီထားကြောင်းသိရသည်။

ထိပ်တန်းဗိုလ်ချုပ်ကြီး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ပါဝင်ပတ်သက်သူများအား ရှာဖွေကာ အပြစ်ပေးသွားမည်ဖြစ်ကြောင်း ရုရှား အရာရှိများက ထုတ်ပြန်ကတိပြုထားသည်။

Telegram»…
https://t.me/positiveanglenews

PAN