(နိုင်ငံတကာ) ဒီဇင်ဘာ ၁၇
အမေရိကန်လေတပ်နှင့်ဗြိတိန် လေတပ်တို့ပူးပေါင်းပြီး ယီမင်နိုင်ငံရှိ ဟူသီတို့၏ပစ်မှတ်အမြောက်အများ ကို တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဟူသီအဖွဲ့၏သတင်းဌာနတစ်ခုဖြစ်သော အယ်ဂျားဆီးရား ရုပ်မြင် သံကြားဌာနက ဒီဇင်ဘာလ ၁၅ ရက်တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းသည် အမေရိကန်နှင့်ဗြိတိန်နိုင်ငံတို့ ပူးပေါင်းပြီး ဆာဒါးနှင့် အမ်မရမ်ဒေသတို့အပေါ် တိုက်ခိုက်သည့် နိုဝင်ဘာလလယ် နောက်ပိုင်း ပထမဆုံးတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဟူသီအဖွဲ့သည် ယီမင်နိုင်ငံအတွင်းရှိ ဒေသများစွာကို ထိန်းချုပ်ထားသည့်အဖွဲ့ဖြစ်ကာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှစ၍ ပင်လယ်နီအတွင်း ဖြတ်သန်းသွားလာနေသော အမေရိကန်နှင့်အစ္စရေးတို့နှင့် ဆက်စပ် သည့် ကုန်တင်သင်္ဘောများကို တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းဖြစ်သည်။
ထို့ပြင် အစ္စရေးက ဂါဇာရှိ ဟားမက်စ် တို့အပေါ် စစ်ကြေညာပြီးနောက် ယီမင်အဖွဲ့က ဒုံးကျည်များ၊ ဒရုန်းများအသုံးပြု၍ တိုက်ခိုက်နေသည့် ကုန်တင် သင်္ဘောအစင်း ၈၀ ရှိနေပြီဖြစ်ကြောင်း RT သတင်းဌာနတွင် ဖော်ပြထားသည်။
PAN