(ပြည်တွင်း) ဒီဇင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေ၌ အိန္ဒိယနိုင်ငံ၊ ရှေးဟောင်း သုတေသနဌာန (ASI)အဖွဲ့မှ ပြုပြင်ထိန်းသိမ်းခဲ့တဲ့ စီမံကိန်းပထမအဆင့် ရှေးဟောင်းအဆောက်အအုံ ၁၁ ဆူရဲ့ လုပ်ငန်း ၂၂ ခုမှာပြီးစီးပြီဖြစ်ကြောင်း သိရပါတယ်။
အခုလိုပြီးစီးသွားခဲ့တာကြောင့် လွှဲပြောင်းပေးအပ်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၁၃ ရက်နေ့လည် ၃ နာရီက ပုဂံရှေးဟောင်း ယဥ်ကျေးမှုနယ်မြေရှိ ရွာဟောင်းကြီးဘုရားမှာကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးတင်ဦးလွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Sh.Abhay Thakur နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့မှ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု မှတ်တမ်း ကျောက်စာကို ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် ရှေးဟောင်းအဆောက်အအုံ ၁၁ ဆူ၏ အဆောက်အအုံပိုင်းဆိုင်ရာနှင့် နံရံဆေးရေးပန်းချီ၊ အင်္ဂတေပန်း၊ အနုလက်ရာပိုင်းဆိုင်ရာများ ပြုပြင်ထိန်းသိမ်းမှုမှတ်တမ်းဓာတ်ပုံများ၊ ASI မှ ပြုပြင်ထိန်းသိမ်း ပြီးစီးခဲ့တဲ့ နတ်လျောင်ကျောင်းနှင့် သိကြားပုန်းဘုရားများကို ကြည့်ရှုခဲ့ကြပါတယ်။
ပုဂံဒေသရှိ ငလျင်ဒဏ်သင့်ရှေးဟောင်းအ ဆောက်အအုံ ၇၂ ဆူ လုပ်ငန်း ၈၉ ခုကို ပြုပြင်ထိန်းသိမ်းရေး အစီအစဉ်ကို မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနားလည်မှုသဝဏ်လွှာ (MOU)ကို ၂၀၁၈ ခုနှစ်မှာရေထိုးခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ၊ ရှေးဟောင်းသုတေသနဌာန(ASI)အဖွဲ့မှ ပြုပြင်ထိန်းသိမ်းမှုများကိုဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။
PAN