(ပြည်တွင်း) ဒီဇင်ဘာ ၁၆
ကချင်ပြည်နယ်၊ ဖားကန့်မြို့ ၊ ဥရုချောင်းအတွင်း၌ ရေကူးသင်နေသည့် အမျိုးသားတစ်ဦးနဲ့ ကလေးငယ်တစ်ဦး ရေနစ်သေဆုံးမှု ဒီဇင်ဘာလ ၁၅ ရက်နေ့ နေ့လည် ၂ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့ ဆေးရုံကြီးအနောက်ဘက်ရှိ ဥရုချောင်းအတွင်း၌ ဦးလေးဖြစ်သူမှ တူဖြစ်သူနှင့် တူမဖြစ်သူကို ရေကူးသင်နေစဥ် တူမဖြစ်သူရေနစ်သွားခြင်းကြောင့် လိုက်လံဆယ်ယူခဲ့ရာ တူဝရီးနှစ်ဦးစလုံး ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရေနစ်သေဆုံးသွားသည့် တူဝရီးနှစ်ဦးမှာ အသက် ၃၈ နှစ်အရွယ် ကိုအားကျူနှင့် အသက် ၁၁ နှစ်အရွယ် မစုရတီဖြိုးတို့ဖြစ်သည်ဟု သိရသည်။
ရေနစ်သူများ၏ ရုပ်အလောင်းများကို ရှားဖွေခဲ့ကြရာ ဦးလေးဖြစ်သူ၏ရုပ်အလောင်းကို ယမန်နေ့ညနေ ၄ နာရီ ၃၈ မိနစ်တွင်ပြန်လည်ရှာတွေ့ခဲ့ငသာ်လည်း တူမဖြစ်သူရဲ့ ရုပ်အလောင်းမှာပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
ဖားကန့်မြို့ ဥချောင်းမှာ ပြီးခဲ့သည့်ဇွန်လ ၂၅ ရက်နေ့ကလည်း အသက် ၂၀ နှစ်အောက် ယောကျာ်လေးနှစ်ဦး ရေဆင်းချိုးရာမှ ရေနစ်သေဆုံးမှုဖြစ်စဉ်ရှိခဲ့သကဲ့သို့ ဇွန်လ ၂၈ ရက်နေ့မှာလည်း အသက် ၃၁ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦး ချောင်းထဲမျောပါသေဆုံးခဲ့ဖူးကြောင်း ဒေသခံများထံမှသိရသည်
Telegram»…
https://t.me/positiveanglenews