(နိုင်ငံတကာ) ဒီဇင်ဘာ ၁၆
အစ္စရေးက ဆီးရီးယားနိုင်ငံအတွင်းက စစ်ဘက်ဆိုင်ရာနေရာများအား အဆက်မပြန် ဆက်လက်တိုက်ခိုက်နေကြောင်း သိရသည်။
ဒမက်စကတ်,ဟာမာနှင့် ဟုမ့်စ်မြို့များ၏ အနီးတစ်ဝိုက်တွင် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၇၀ ကျော်ပြုလုပ်ခဲ့ကြောင်းသိရသည်။
အရပ်သားထိခိုက်မှုအခြေအနေနှင့်ပတ်သက်ပြီး ချက်ချင်းမသိရသေးကြောင်း ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်သည့်အဖွဲ့ကဆိုသည်။
အစ္စရေးသည် ဆီးရီးယား အစိုးရပြုတ်ကျပြီးနောက် ဆီးရီးယားနိုင်ငံအတွင်းက စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများအား အကြိမ်ရေ ၄၅၀ ကျော် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews