ရုရှားက ယူကရိန်း၏ စွမ်းအင်အရင်းအမြစ်များအား တိုက်ခိုက်ဖြတ်တောက်

(နိုင်ငံတကာ) နိုဝင်ဘာ ၂၈

အမေရိကန်နှင့် ဗြိတိန်လုပ် တာဝေးပစ် ဒုံးကျည်များနှင့် ရုရှားကိုတိုက်ခိုက်ခံခဲ့ရပြီးနောက် ယူကရိန်းနိုင်ငံအတွင်းရှိ စွမ်းအင်ဆိုင်ရာ အရင်းအမြစ်များအား ရုရှားစစ်တပ်မှ တိုက်ခိုက်ဖြတ်တောက်ခဲ့သည်။ယူကရိန်းနိုင်ငံမြို့တော် ကိယဗ်အပါအဝင်မြို့ကြီးများအား ကြီးမားသည့် တိုက်ခိုက်ခံခဲ့ရမှုများရှိကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးကဆိုသည်။ရုရှား၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် မြို့ကြီးများတွင် လျပ်စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် သောက်သုံးရေရှိရန်လည်း ခက်ခဲနေကြောင်းသိရသည်။ထို့အပြင် ယူကရိန်းနိုင်ငံတွင် ဆောင်းရာသီ အအေးလွန်ကဲမှုနှင့်ရင်ဆိုင်နေရပြီး လျပ်စစ်မီးပြတ်တောက်မှုကြောင့် အပူပေးစနစ်များ အသုံးပြု၍မရပဲခက်ခဲနေကြောင်းသိရသည်။

#PAN