မင်္ဂလာဒုံမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းချသုံးစွဲသူတစ်ဦး ဖမ်ဆီးရမိ


(ပြည်တွင်း)နိုဝင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ်၊သဃ်န်းကျွန်းကြီးကျေးရွာအုပ်စု၊အရှေ့ပိုင်း သန္တိသုခလမ်းရှိ အခန်းတခန်းတွင် မူးယစ်ဆေးဝါး ရောင်းချသုံးစွဲသူတစ်ဦး ဖမ်ဆီးရမိကြောင်း သိရသည်။

ယမန်နေ့ ည၁၀နာရီအချိန်ခန့်က သန္တိသုခလမ်းရှိ မင်းခန့်သော်၏ အခန်းတွင်မူးယစ်ဆေးဝါးများ ၊ရောင်းချသုံးစွဲနေကြောင်း ပြည်သူတို့၏သတင်းပေးပို့မှုအရ မြို့နယ်ရဲတပ်ဖွဲ့နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များပူးပေါင်းကာ ဝင်ရောက်ရှာဖွေရာ WY စိတ်ကြွရူးသွပ်မူးယစ်ဆေးဝါး ၅ ပြားနှင့်အတူ တရားခံမင်းခန့်သော်(ဘ)ဦးအောင်ဇင်လတ်(၂၁)နှစ်အား ဖမ်းဆီးရမိကြောင်း သိရသည်။

၎င်းအား စစ်ဆေးရာ တရားခံမင်းခန့်သော်သည် အခြားသူများကိုလည်း ရောင်းချပြီး ကိုယ်တိုင်လည်းသုံးစွဲကြောင်း၊ ဖမ်းဆီးရမိချိန်တွင် ဆေးသုံးစွဲထားသည်ကို တွေ့ရှိရကြောင်း၊ဖမ်းမိတရားခံအား အမှုဖွင့်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN