( ပြည်တွင်း) နိုဝင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် ညောင်ကိုင်းပြည်သူ့စစ်ကျေးရွာကို အကြမ်းဖက်PDFအဖွဲ့များက နိုဝင်ဘာ ၂၆ ရက်နေ့ ညပိုင်းအချိန်မှစပြီ ဒရုန်းဗုံးများစွာအသုံးပြု၍ လာရောက်တိုက်နေကြောင်း မြေပြင်သတင်းများအရသိရပါသည်။
ယမန်နေ့ညက အကြမ်းဖက်PDFအဖွဲ့မှ ဒရုန်းဗုံး ၈၆ လုံး၊ ယနေ့နံနက် ဒရုန်းဗုံး ၃၆ လုံးခန့်ဖြင့် တနေကုန်နီးပါးတိုက်ခိုက်လျှက်ရှိကြောင်း သိရပါသည်။
အဆိုပါညောင်ကိုင်းပြည်သူ့စစ်ကျေးရွာသည် ပြည်သူစစ်အင်းအားကောင်းပြီး ခုခံတိုက်ခိုက်လျှက်ရှိကြောင်းသိရပြီး မြေပြင်စစ်ကူ၊ပစ်ကူ လိုအပ်နေကြောင်း မြေပြင်သတင်းများအရ သိရပါသည်။
#PAN