(နိုင်ငံတကာ) နိုဝင်ဘာ ၂၇
အစ္စရေးနိုင်ငံမှ ဝန်ကြီးချုပ်နေတန်ယာ ဟုအပါအဝင် ထိပ်တန်းခေါင်းဆောင်များ ကိုသေဒဏ်ပေးသည့်အမိန့်များ ထုတ်ပြန် ပေးရန် အီရန်ဦးသျှောင်ဖြစ်သည့် အယာတို လာအလီခါမေနီကတောင်းဆိုလိုက်သည် ဟု အီရန်သတင်းဌာနများကဖော်ပြထား သည်။
နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံးက ပြီးခဲ့သည့်သီတင်းပတ်တွင် အစ္စရေးဝန်ကြီးချုပ်၊ အစ္စရေးကာကွယ်ရေးဝန်ကြီးဟောင်းနှင့် ဟားမက်ခေါင်းဆောင်တို့ကို ဖမ်းဆီး မိန့်များထုတ်ပြန်လိုက်ပြီးနောက် အီရန် ဦးသျှောင်က ယခုကဲ့သို့တောင်းဆိုလိုက် ခြင်းဖြစ်သည်။
အစ္စရေးနိုင်ငံက ဂါဇာနှင့်လက်ဘနွန် တို့တွင်ကျူးလွန်သော စစ်ရာဇဝတ်မှုများ အတွက် ဖမ်းဆီးမိန့်တစ်ခုတည်းဖြင့်မလုံ လောက်ကြောင်း၊ သေဒဏ်ပေးသည်ဟူ သောထုတ်ပြန်ချက်ကိုပင် ထုတ်ပြန်ရမည် ဖြစ်ကြောင်း အယာတိုလာအလီခါမေနီက နိုဝင်ဘာလ ၂၅ ရက်တွင် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ တပ်မ တစ်ခုနှင့်တွေ့ဆုံစဉ် ပြောထားခြင်းဖြစ် ကြောင်းသိရသည်။
ယနေ့ နံနက် ၆ နာရီအချိန်ခန့်တွင် အကြမ်းဖက် PDFအဖွဲ့များက ရဲစခန်းပေါ်သို့ dron ဗုံး ၂ လုံးချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
#PAN