ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာဧက ၄,၄၀၀ ပုသိမ်ခရိုင်တွင် စိုက်ပျိုးသွားမည်

(ပြည်တွင်း) နိုဝင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ နေကြာဧက ၄,၄၀၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပုသိမ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။

ပုသိမ်ခရိုင်မှာ ဆီထွက်သီးနှံဖြစ်သည့် နေကြာဧက ၄,၄၀၀ ကို လက်ရှိနိုဝင်ဘာလ စတုတ္ထပတ်အတွင်း စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိပြီး ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများနှင့် စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

စိုက်ပျိုးမည့် ဆီထွက်သီးနှံများ အထွက်နှုန်းကောင်းမွန်စေရေး၊ ပိုးမွှားအန္တရာယ် ကင်းရှင်းစေရေးနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးမှုများမရှိစေရေးတို့အပြင် လိုအပ်သည့်နည်းပညာများ ပံ့ပိုးဆောင်ရွက် ပေးလျက်ရှိကြောင်းသိရပါတယ်။

ဆီထွက်သီးနှံနေကြာများကို ပုသိမ်မြို့နယ်တွင် ၃၅၄ ဧက၊ ကန်ကြီးထောင့်မြို့နယ်တွင် ၁,၅၈၆ ဧက၊ သာပေါင်းမြို့နယ်တွင် ၂,၁၀၈ ဧက၊ ငပုတောမြို့နယ်တွင် ၃၅၂ ဧက တို့ဖြင့် စုစုပေါင်း ဧက ၄,၄၀၀ စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။

#PAN