(ပြည်တွင်း) နိုဝင်ဘာ ၂၄
ပြင်ဦးလွင်မြိုနယ်၊ အုမ္မသီးနဲ့ ဘန့်ဘွေးရွာကြား ကုန်းကြီးရွာတွင် ယမန်နေ့က တပ်မတော်လုံခြုံရေးစစ်ကြောင်းနှင့် အကြမ်းဖက် TNLA အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
အုမ္မသီးနဲ့ ဘန့်ဘွေးရွာကြား ကုန်းကြီးရွာတွင် အကြမ်းဖက်သမားများ ရောက်ရှိနေကြောင်း ဒေသခံများ၏ သတင်းပေးမှုကြောင့် တပ်မတော်လုံခြုံရေးစစ်ကြောင်း သွားရောက်ရှင်းလင်းရာ အကြမ်းဖက် TNLA ၁၅ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းထိတွေ့တိုက်ပွဲတွင် ရန်သူများ အရှေ့ဘက်သို့ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အတွင် တပ်မတော်လုံခြုံရေးစစ်ကြောင်းဘက်မှ ထိခိုက်မှုမရှိကြောင်း သိရပြီး၊ အကြမ်းဖက် TNLA အဖွဲ့ထံမှ အကြမ်းဖက် TNLA အလောင်း ၂ လောင်း၊ Type-81 သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၂၁ တောင့်တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews