အကြမ်းဖက်နှိမ်နင်းရေးစစ်ဆင်ရေးကြောင့် ကျွန်းလှမြို့နယ်အတွင်းမှ PDF များ ထွက်ပြေးနေရ


(ပြည်တွင်း) နိုဝင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ကံပေါက်ကျေးရွာသို့ ပြည်သူ့စစ်နှင့် လုံခြုံရေးပူးပေါင်းအဖွဲ့ မှ အကြမ်းဖက်နှိမ်နင်းရေးစစ်ဆင်ရေး စစ်ကြောင်းထိုးလာတာကြောင့် PDF များထွက်ပြေးနေရကြောင်း သိရသည်။

အဆိုပါ စစ်ကြောင််းမှာ ယနေ့ နံနက်ပိုင်းမှစ၍ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်နေသည့်အတွက် အကြမ်းဖက် PDFအဖွဲ့များမှာ ခုခံနိုင်စွမ်းမသည့်အတွက် ထွက်ပြေးနေကြရကြောင်းသိရသည်။

“စစ်ကြောင်းဝင်လာတယ်လို့သတင်းပဲကြားသေးတယ်။ ရွာထဲမှာ တောင်ပြေး မြော​က်ပြေးနဲ့ အော်ဟစ်နေကြတာကြည့်မကောင်းဘူး ရွာကလူတွေကလည်း သူတို့ကို ရွာပြင်ထွက်သွားဖို့ပြောချင်ကြတယ်။ ဒါပေမယ့်မပြောရဲဘူး။ ပြီးရင် စစ်ကြောင်းကရွာကိုမီးရှို့တယ်ဆိုပြီး အော်အုံးမယ်။ ရွာသားတွေကလည်း သူတို့ရွာကိုမီးရှို့မှာစိုးရိမ်နေကြတယ်” ဟုအမည်မ​ဖော်လိုသည့် ဒေသခံတစ်ဦးမှပြောသည်။

စစ်ကြောင်းထိုးလာသည့် အင်အားမှာများပြားပြီး ခြေလျင်စစ်ကြောင်းမှလည်း Drone များဖြင့် ကင်းထောက်ခြင်း အကြမ်းဖက်များအား တိုက်ခိုက်ခြင်းတို့ကြောင့် တကုန်း၊ကုက္ကိုကုန်း၊ သံပုရာပင်စု နှင့် မြဘုံသာကျေးရွာများမှ အကြမ်းဖက် PDF အဖွဲ့များ ဆုတ်ခွာထွက်ပြေးနေကြရကြောင်းလည်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN