ပီရူးမှာ ၂၈ ကီလိုမီတာ အဝေးပြေးလမ်းတစ်ခုကို တရုတ်တည်ဆောက်နေ

(နိုင်ငံတကာ) နိုဝင်ဘာ ၁၉

ပီရူးနိုင်ငံက သမိုင်းဝင် မာချူပီချူးနဲ့ ချိတ်ဆက်တဲ့ ၂၈.၄၁ ကီလိုမီတာအရှည် နိုင်လွန်ကတ္တရာလမ်းတစ်ခုကို တရုတ်နိုင်ငံရဲ့အကူအညီနဲ့ တည်ဆောက်နေတယ်လို့ သိရပါတယ်။

လမ်းတည်ဆောက်တဲ့ပညာရှင်တွေကတော့ အဲဒီလမ်းကို ၂၀၂၅ မှာ ပြီးစီးမယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒီလမ်းဟာ ကမ္ဘာ့ယဥ်‌ကျေးမှုအမွေအနှစ်နေရာဖြစ်တဲ့ မာချူပီချူးကို ရထားနဲ့သွားလို့ရအောင် ချိတ်ဆက်မယ့် ပထမဆုံးလမ်းလည်း ဖြစ်လာမယ်လို့ သိရပါတယ်။

Ref:HM

#PAN