မန္တလေးမြို့တွင်း ဓါး၊သေနတ် (အတု)များကိုင်ဆောင်ကာ ခြိမ်းခြောက်လုယက်သည့် အဖွဲ့အား ဖမ်းဆီးရမိ

(ပြည်တွင်း)နိုဝင်ဘာ ၁၈

      မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့ နယ်၊ထွန်တုံးရပ်ကွက်၊၁၀၈-D လမ်း၊၅၃×၅၄ လမ်းကြား၌  ဓါး၊သေနတ် (အတု)များကိုင်ဆောင်ကာ ခြိမ်းခြောက်လုယက်သည့် အဖွဲ့အား ဖမ်းဆီးရမိခြင်းကြောင်း သိရသည်။

      ဖြစ်စဉ်မှာ  ယမန်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်တွင် မဟာအောင်မြေခရိုင် မှုခင်းနှိမ်နင်းရေးဌာန စိတ်မှ  ရဲတပ် ဖွဲ့ဝင်များသည် နယ်မြေအတွင်းလှည့်ကင်း ဆောင်ရွက်နေစဉ် ချမ်းမြသာစည်မြို့နယ်၊ထွန်တုံးရပ်ကွက်၊၁၀၈-D လမ်း၊၅၃×၅၄ လမ်းကြား၌ မသင်္ကာဖွယ် အမျိုးသား ၃ဦးအား Mark X အမျိုးအစား၊အနက်ရောင်မော် တော်ယာဉ်အမှတ် MDY/1D/2177 နှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ရာ ၎င်းတို့ ၃ ဦးမှာ မင်းသုခ(ခ)ဗေကြီး၊ ထွန်းလင်ဦး(ခ) ကောင်းကောင်း၊ အာကာကျော်တို့ဖြစ် ကြောင်းသိရှိရပြီး ဆက်လက် စစ်ဆေးရာ ၎င်းတို့ ၃ ဦးသည် ဇော်ဇော်ထက်(ခ)ဗြဲခေါင်း နှင့်အတူ ၁၅-၁၁- ၂၀၂၄ ရက်နေ့ ည ၁၀ နာရီခွဲ အချိန်ခန့်တွင် ပုသိမ်ကြီးမြို့နယ်၊လက်ကောင်းတိုးဂိတ် (အသစ်) အကျော် လမ်းမပေါ်၌ အမည်မသိအမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးမောင်းနှင်လာသည့် Click အမျိုးအစား နီ/နက်ရောင်ဆိုင်ကယ် ၁စီး၊ ၎င်းတို့ ကိုင်ဆောင်သည့် ဖုန်း ၃လုံးတို့အားလည်းကောင်း၊ အမည်မသိအမျိုးသား ၂ ဦး မောင်းနှင်လာသည့် Scoopy အမျိုးအစား နက်ခြောက်/အပြာရောင် ဆိုင်ကယ် ၁ စီး၊ ဖုန်း ၂လုံးတို့အား ဓါးဦးချွန်၊ ဓါးရှည် ၂ ချောင်းနှင့် ကော်သေနတ်အတို(အတု) ၁ လက်တို့ဖြင့် ကိုင်ဆောင်ခြိမ်းခြောက်ကာ လုယက် ယူဆောင်ခဲ့ကြောင်း ဖော်ထုတ်ချက်အရ သိရသည်။

      အဆိုပါ ဓါး၊သေနတ် (အတု)များကိုင်ဆောင်ကာ ခြိမ်းခြောက်လုယက်သည့်သူများအား ယမန်နေ့ ည ၉ နာရီခွဲအချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ကျွဲနဖားကျေးရွာနေ မင်းသုခ(ခ)ဗေကြီး၊၁၉နှစ်၊(ဘ)ဦးသိန်းဝင်း၊ကျပန်း၊ချမ်းမြသာစည်မြို့နယ်၊ထွန်တုံးရပ်ကွက်နေ ထွန်းလင်းဦး (ခ)ကောင်း ကောင်း၊၂၃နှစ်၊(ဘ)ဦးခိုင်ဝင်း၊ချမ်းမြသာစည်မြို့နယ်၊ထွန်တုံးရပ်ကွက်နေ အာကာကျော်၊၂၁နှစ်၊(ဘ)ဦးသန်းဝင်းအောင်၊အမရပူရမြို့နယ်၊မြစ်ငယ်မြို့၊ဓနုံးကျေးရွာနေ ဇော်ဇော်ထက်(ခ) ဇော်ထက် (ခ)ဗြဲကောင်း၊၂၀နှစ်၊(ဘ)ဦးဉာဏ်မောင်၊တံတားဦးမြို့နယ်၊ လက်ဆောင်ယူကျေးရွာနေ ဟိန်းထက်အောင်(ခ)မိုးဒီ၊၂၈နှစ်၊(ဘ)ဦးသိန်းဌေးတို့ (၅)ဦးအား ပုသိမ်ကြီးမြို့နယ်၊အုန်းချောနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၉၂/၄၁၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသတင်းရရှိိသည်။

#PAN