ပုဂံမြို့နှင့်လဲ့ရှန်းမြို့ချစ်ကြည်ရေးမြို့တော်တည်ထောင်

(ပြည်တွင်း)နိုဝင်ဘာ ၁၇

     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ပုဂံမြို့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လဲ့ရှန်းမြို့တို့ကြား ချစ်ကြည်ရေးမြို့တော် တည်‌ထောင်သွားမည်ဖြစ်၍ မြို့တော်တည်ထောင်ရေးနား လည်မှုစာချွန်လွှာကို နိုဝင် ဘာ(၁၄)ရက်နေ့က တရုတ်နိုင်ငံ စစ်ချွမ်းပြည်နယ်၊လဲ့ရှန်းမြို့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

      လက်မှတ်ရေးထိုးပွဲသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင် တက်ရောက်၍ လဲ့ရှန်းမြို့ CPC ပါတီ၊ကော်မတီအတွင်းရေးမှူး Mr. Zhao Bo တို့ တက်ရောက်ခဲ့ကြပြီး မိန့်ခွန်းပြောကြားခဲ့ကြသည်။ ၎င်းနောက် နားလည် မှုစာချွန်လွှာကို မန္တလေးမြို့တော် စည်ပင်သာယာရေးပေါ်မတီ ညွှန်ကြားရေးမှူး ဦးမင်းအောင်မြင့်စိုးနှင့် လဲ့ရှန်းမြို့၊ မြို့တော်ဝန် Mr. Chen Guanghao တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

       နားလည်မှုစာချွန်လွှာအရ ပုဂံမြို့နှင့် လဲ့ရှန်းမြို့ ကြား ယဥ်ကျေးမှု၊ ခရီးသွားလာရေးလုပ်ငန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုကဏ္ဍများ၌ ပိုမိုပူးပေါင်းဖလှယ်မှုများပြုလုပ်နိုင်ရန်အရေး ကြီးသည့် ပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ချုံချင့်မြို့မြန်မာကောင် စစ်ဝန်ချုပ်ရုံး၊ ကောင်စစ်ဝန်ချုပ်ဦးကျော်ဇေယျာလင်းတို့သည် နိုဝင်ဘာ(၁၁) ရက်မှ (၁၃) ရက်အထိ၊စစ်ချွမ်းပြည် နယ်၊ချန်သူးမြို့၌ကျင်းပသည့် ၂၀၂၄ ခုနှစ်၊နိုင်ငံတကာချစ် ကြည်ရေးမြို့တော်များ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲသို့ လည်းတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

#PAN