(မှုခင်း) နိုဝင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ပုဂံနယ်မြေ၊ သီရိပစ္စယာရပ်ကွက်အ တွင်း မီးလောင်မှုဖြစ်ပွားကြောင်း သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။
ယနေ့နံနက် ၁၀ နာရီ ၁၈ မိနစ်အချိန်ခန့်က သီရိပစ္စယာရပ်ကွက် သမဝါယမအသင်းပိုင် အဆောက်အဦးတွင် ငှားရမ်းနေထိုင်သည့် ဆိုင်ငှား ဦးဇော်ဝင်းမောင်၏ အခန်းတွင် ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ရာမှ အနီးရှိထရံသို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ၃၅×၂၀ ပေ၊သွပ်မိုး၊ ထရံကာ ၁ထပ်၊ရပ်ကွက်သမဝါယမအသင်းပိုင် အဆောက်အဦး ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးပေါ့ဆစွာသုံးစွဲသူ ဦးဇော်ဝင်းမောင်အား အမှုဖွင့်အရေး ယူထားကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews