(ပြည်တွင်း) နိုဝင်ဘာ ၂
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ အဋ္ဌာရသမအစည်းအဝေးကို ၁၃၈၆ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၃၊ ၄၊ ၅၊ ၆ ရက် (၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၈၊ ၁၉၊ ၂၀၊ ၂၁ ရက်)တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တို့တွင် အကြိုညှိနှိုင်းအစည်းအဝေးနှင့် တန်ဆောင်မုန်းလပြည့်ကျော် ၇၊ ၈ ရက် (နိုဝင်ဘာ ၂၂၊ ၂၃ ရက်)သောကြာ၊ စနေနေ့တို့တွင် အဋ္ဌာရသမအစည်းအဝေးကြီး ကျင်းပမည်ဖြစ်ရာ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများသည် တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက် (နိုဝင်ဘာ ၁၇ ရက်) တနင်္ဂနွေနေ့အရောက် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေသို့ ကြွရောက်တော်မူပါရန် ပင့်လျှောက်စာ များဖြင့် ပင့်လျှောက်ထားပြီးဖြစ်ကြောင်း သိရသည်။
ပင့်လျှောက်စာများ အချိန်မီမရောက်ရှိပါကလည်း အဆိုပါနေ့ရက်များအတိုင်း ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေသို့ ကြွရောက်တော်မူ ကြပါရန် ပင့်လျှောက်အပ်ပါကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
Telegram»…
https://t.me/positiveanglenews