ဖီလာဒဲဖီးယားပြည်နယ်အစိုးရက အီလွန်မက်စ်ကို တရားစွဲဆို


(နိုင်ငံတကာ) အောက်တိုဘာ ၂၉

ဖွဲစည်းပုံအခြေခံဥပဒေအတွက် မဲပေးဖို့ လှုဆော်ကာ ဒေါ်လာ ၁ သန်းကို နေ့စဉ် Giveaway ပေးနေတဲ့ အီလွန်မက်စ်ကို ဖီလာဒဲဖီးယားပြည်နယ်အစိုးရက တရားစွဲဆိုလိုက်ကြောင်း သိရပါတယ်။

ဒါဟာ တရားမဝင်ထီကို လုပ်ဆောင်နေတာလို့ စွပ်စွဲခဲ့ပြီး ဒါမျိုးလုပ်ဆောင်နေတာကို ရပ်တန့်ဖို ကြိုးပမ်းမှုမှာ မက်စ်ကို တရားစွဲဆိုပြီး စတင်လိုက်တာပါ။

အီလွန်မက်စ်ဟာ‌ ဒေါ်နယ်ထရမ့်ကို‌ ထောက်ခံအားပေးသူဖြစ်ပြီး ဒီလုပ်ရပ်က သူကတဆင့် သမ္မတရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေကို ဩဇာလွှမ်းမိုးဖို့ ကြိုးစားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

မက်စ်ရဲ့ ဆုကြေးငွေပေးတဲ့အစီအစဉ်ဟာ ဖက်ဒရယ်ရွေးကောက်ပွဲ ဥပဒနဲ့ ငြိစွန်းနိုင်တယ်လို့ သတိပေးခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ တရားစွဲဆိုခဲ့တာဖြစ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN