ပြည်​ထောင်စုဝန်ကြီး ဦး​မောင်​မောင်အုန်းအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လာ​ရောက်​​တွေ့ဆုံ


(ပြည်တွင်း) အောက်တိုဘာ ၂၆

ပြန်ကြား​​ရေးဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီး ဦး​မောင်မောင်အုန်းအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia သည် ယ​မန်နေ့ည​နေပိုင်းတွင် ပြန်ကြား​ရေးဝန်ကြီးဌာန၌ လာ​ရောက်တွေ့ဆုံခဲံကြကြောင်း သိရသည်။

​တွေ့ဆုံစဉ် မြန်မာ-တရုတ် မီဒီယာကဏ္ဍ ပိုမိုပူး​ပေါင်း​​​ဆောင်ရွက်​ရေး၊ နှစ်နိုင်ငံမီဒီယာအဖွဲ့များ အပြန်အလှန်လည်ပတ်​နိုင်ရေး၊ နှစ်နိုင်ငံအစိုးရအချင်းချင်းသာမက ပြည်သူအချင်းချင်းပါ ပိုမိုချစ်ကြည်ရင်းနှီးမှု၊ နားလည်မှုရှိ​စေ​ရန်အတွက် မီဒီယာကဏ္ဍမှ လိုအပ်သည်များ ​ကြိုးပမ်းဆောင်ရွက်​ရေးတို့နှင့်စပ်လျဉ်း၍ ​​ဆွေး​နွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံပွဲသို ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်​ရောက်ခဲ့ကြသည်။

Telegram»…
https://t.me/positiveanglenews

PAN