မြောက်ကိုရီးယားတပ်များ စစ်မြေပြင်သို့စေလွှတ်မှုအား တောင်ကိုရီးယားက ရုရှားသံတမန်အား ဆင့်ခေါ်


(နိုင်ငံတကာ) အောက်တိုဘာ၂၁

ယူကရိန်းစစ်မြေပြင်သို့ မြောက်ကိုရီးယားတပ်များ စေလွှတ်မှုအား ကန့်ကွက်ရန် တောင်ကိုရီးယားက ရုရှားသံအမတ်အားဆင့်ခေါ်ခဲ့ကြောင်းသိရသည်။

တောင်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ကင်မ်ဟောင်ရှောင်က ရုရှား သံတမန်ထံဖုန်းဆက်ပြောဆိုခဲ့ပြီး မြောက်ကိုရီးယားစစ်သားများအား ရုရှားနိုင်ငံမှ ချက်ချင်းဆုတ်ခွာရန် တိုက်တွန်းခဲ့ကြောင်းသိရသည်။

ယခုကဲ့သို့ ယူကရိန်းစစ်မြေပြင်တွင် မြောက်ကိုရီယားတပ်များ ပါဝင်မှုသည် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်နှင့် ပဋိဉာဉ်များကို ချိုးဖောက်ရာကျပြီး တောင်ကိုရီးယားနှင့်အခြားနိုင်ငံများ၏ လုံခြုံရေးအား ဆိုးရွားစွာခြိမ်းခြောက်နေကြောင်း ၎င်းကဆိုသည်။

တောင်ကိုရီယားထောက်လှမ်းရေးအေဂျင်စီက မြောက်ကိုရီယားသည် ၎င်းတို့၏ စစ်အခြေစိုက်စခန်းများမှ အထူးတပ်ဖွဲ့ဝင် ၁၅၀၀ ကို ရုရှားနိုင်ငံအရှေ့ဖျားသို့ပို့ဆောင်ထားပြီး ယူကရိန်းစစ်ပွဲအတွက် တိုက်ခိုက်ရန် ဖြန့်ခွဲထားဖွယ်ရှိကြောင်း ပြောဆိုခဲ့သည်။

အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီက မြောက်ကိုရီးယားတပ်များ ရုရှားအတွက်တိုက်ပွဲဝင်နေသည့် သတင်းများအား အတည်မပြုနိုင်သေးကြောင်း သောကြာနေ့က ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN