ရေကြောင်းလုံခြုံရေးပင်လယ်ပြင် လေ့ကျင့် ခန်း(Maritime Security Exercise) ဆောင် ရွက်စဉ် ရေကြောင်းသတိပေးချက်နှင့် လေ ကြောင်းသတိပေးချက် ထုတ်ပြန်ကြေညာ

(ပြည်တွင်း)အောက်တိုဘာ ၁၆

       ရေကြောင်းလုံခြုံရေးပင်လယ်ပြင်လေ့ကျင့်ခ န်းအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်မှ ၂၄ ရက်ထိကာလအတွင်း ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းရေပြင်၌ ရေပြင်၊ ဝေဟင်၊ ရေအောက်လေ့ကျင့်ခန်းများနှင့် လက်တွေ့ပစ်ခတ်ခြင်းများ (Live Firing) ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

       အဆိုပါ လေ့ကျင့်ခန်း ဧရိယာအဖြစ် Point A မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီ တွဒ် ၉၆ ဒီဂရီ ၄၀ မိနစ်၊ Point B မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀ မိနစ် ၊ Point C  မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀ မိနစ်၊ Point D မြောက် လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ်စသည့် Coordinates အမှတ်များ ဆက်ဆွဲထားသည့်ဧရိယာအား သတ်မှတ်ထားရှိပြီး ရေ ကြောင်းသတိပေးချက်နှင့် လေကြောင်းသတိ ပေးချက်တို့အား ထုတ်ပြန်ကြေညာထားရှိပြီးဖြစ်ကြောင်း သိရပါသည်။

       လေ့ကျင့်ခန်းဆောင်ရွက်စဉ်ကာလအတွင်း ဘေး အန္တရာယ်ကင်းရှင်းစေရေး အတွက် အဆိုပါဧရိယာမှ ၅ မိုင်ပတ်လည်အား သင်္ဘောကြီး/ငယ်များ၊  ကုန်တင်/ စက်လှေများ၊ ငါးဖမ်း သင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်း၊  ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်း ကိရိယာများချထားခြင်း  မရှိစေရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များအမြင့်ပေ ၁၅၀၀၀ (တစ်သောင်းငါးထောင်)အောက် ဖြတ်ကျော်ပျံသန်းခြင်းမပြုကြရန် တပ်မတော်မှ သတင်းထုတ်​ပြန် အသိ ပေးကြေညာ ထားပါသည်။

#PAN