မန်ကျည်းဖျော်ရည်ရဲ့ ကျန်းမာရေး ကောင်းကျိုး‌ များ

(ကျန်းမာရေးကဏ္ဍ)အောက်တိုဘာ ၁၅

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသု တရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ မန်ကျည်းဖျော်ရည်ရဲ့ ကျန်းမာရေး ကောင်းကျိုး‌ များအကြာင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

     မန်ကျည်းဖျော်ရည်ကို ပုံမှန်သောက်သုံးပေးမယ်ဆိုရင် ကျန်းမာရေးအတွက် ကောင်းကျိုးတွေများစွာ ရရှိစေပါတယ်။ မန်ကျည်းဖျော်ရည် သောက်ပေးခြင်းဟာ အပူကင်းတယ်လို့ လူအများသိကြသလို မန်ကျည်းဖျော်ရည်ဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ် တော်တော်များများကို ဖြည့်တင်းပေးနိုင်တဲ့ သဘာဝဖျော် ရည်တစ်မျိုးပဲ ဖြစ်ပါတယ်။

      မျက်လုံးကျန်းမာ ရေး မကောင်းသူတွေနဲ့ အစာ အိမ်ကျန်းမာရေး ပြဿနာရှိသူတွေကို မန်ကျည်းဖျော် ရည် ပုံမှန်သောက်သုံးပေးဖို့ အာဟာရပညာရှင်တွေက တိုက်တွန်းထားပါတယ်။

      မန်ကျည်းသီးမှာပါဝင်တဲ့ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေဟာ အစာချေဖျက်ခြင်းစနစ်ကို ကောင်း မွန်စေတဲ့အပြင် အစားအစာတွေမှာ ပါဝင်တဲ့ ခန္ဓာ ကိုယ်အတွက် အကျိုးမပြုတဲ့ အဆီဓာတ်တွေကို ဖယ် ရှားပေးနိုင်ပြီး ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။

      လေ့လာချက်တွေအရ မန်ကျည်းသီးမှာ ပါဝင်တဲ့ ဖောလစ်အက်ဆစ်၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေဟာ သွေးကို သန့်စင်ပေးနိုင်ပြီး သွေးမသန့်ခြင်းကြောင့် ဖြစ်တတ်တဲ့ ခန္ဓာကိုယ်ယားယံမှုတွေကို ပျောက်ကင်းစေနိုင်ကာ အသား အရေ နေလောင်ခြင်းတို့ကိုလည်း ပျောက်ကင်းသက်သာစေနိုင်ပါတယ်။

      မန်ကျည်းသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ မျက်သား ခမ်းခြောက်ခြင်း၊ အသက်အရွယ်အရ အမြင်အာရုံလျော့နည်းလာခြင်းနဲ့ မျက်လုံးကျန်းမာ ရေး ပြဿနာအများစုကို ပျောက်ကင်းသက်သာစေနိုင်တယ်လို့ ဆေးသုတေသန ပညာရှင်တွေရဲ့ လေ့လာချက်တွေအရ သိရပါတယ်။

      မန်ကျည်းသီးမှာ ပါ၀င်တဲ့ဓါတ်ဟာ ခန္ဓာကိုယ်အတွင်း အေးမြစေတဲ့ဂုဏ်သတ္တိကို ရရှိပြီး ပူပြင်းလှတဲ့ နွေရာသီမှာ မန်ကျည်းဖျော်ရည် သောက်သုံးပေးခြင်းဟာ နေပူရှိန်ကြောင့် ကိုယ်တွင်းအပူ ချိန်မြင့်တက်ခြင်းကို ကာကွယ်ပေးနိုင်ပြီး ဝမ်းတွင်းကို အေးမြစေပါတယ်။

      မန်ကျည်းဖျော်ရည် သောက်သုံးပေးခြင်းဟာ အပူ ရှိန်ကြောင့်ဖြစ်တတ်တဲ့ လည်ပင်းနာခြင်း၊ အာသီးရောင်ခြင်း စတဲ့ ရောင်ရမ်းနာကျင်မှုတွေကို လျော့ပါးသက်သာစေနိုင်ပြီး အဆစ်အမြစ် နာကျင် ကိုက်ခဲခြင်းနဲ့ ကြွက်သား နာကျင်ခြင်းတို့ကိုပါ ပျောက်ကင်းသက် သာစေနိုင်ပါတယ်။ 

#PAN