မုံရွာမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦး၏ လက်နက်အား လုယူရန်ကြိုးစားသဖြင့် ပစ်ခတ်ဖမ်းဆီး


(ပြည်တွင်း) အောက်တိုဘာ ၁၄

ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာတက္ကသိုလ်အနီး လုံခြုံရေးဆောင်ရွက်နေစဉ် လုံခြုံရေးအဖွဲ့ဝင် တစ်ဦး၏ လက်နက်အား လုယူရန်ကြိုးစားသူတစ်ဦးအား ပစ်ခတ်ဖမ်းဆီးရာ အသေပစ်ခတ်ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မုံရွာသက္ကသိုလ်အနီး ကျောက်ကာလမ်းတွင် လုံးခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူလုံခြုံရေးဆောင်ရွက်နေစဉ် မသင်္ကာဖွယ် ကျား ၁ ဦးအား တွေ့ရှိသဖြင့် ခေါ်ယူစဉ် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး၏ သေနတ်အား လုယူရန်ကြိုးစားသဖြင့် ပစ်ခတ်ခဲ့ရာ အကြမ်းဖက် PDF အလောင်း ၁ လောင်း၊ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်မိုင်း ၁ လုံး၊ ဖုန်း ၃ လုံး၊ ပိုက်ဆံအိတ် ၁ လုံး၊ ဆေးပြား ၂ ပြား၊ ငွေကျပ် ၁၀၈၀၀ တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN