ဂျာမနီအနေဖြင့် ယူကရိန်းအရေးတွင် လက်ရှောင်နေရန် ပြည်သူထောင်ပေါင်းများစွာ တောင်းဆို


(နိုင်ငံတကာ) စက်တင်ဘာ ၁၄

ဂျာမနီအနေဖြင့် ယူကရိန်းအရေးတွင် ပါဝင်ခြင်းမရှိဘဲ လက်ရှောင်နေရန် ပြည်သူထောင်ပေါင်းများစွာက မြူးနစ်မြို့၌ ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။

ထို့ပြင် ဆန္ဒပြသူများက ရုရှားနှင့်ယူကရိန်းတို့ကြား ဖြစ်ပွားနေ သည့် ပဋိပက္ခများနှင့်အရှေ့အလယ်ပိုင်း၌ ဖြစ်ပွားနေသည့်စစ်ပွဲများကို ရပ်တန့်ရန် တောင်းဆိုထားသည်။

အလားတူ ဂျာမနီအစိုးရသည် အစ္စရေးနှင့် ယူကရိန်းသို့ လက်နက်များထောက်ပံ့နေမှုကို ရပ်တန့်ရန်နှင့် ထိုသို့ လက်နက်များထောက်ပံ့နေမည့်အစား ပြည်သူများ၏ လူမှုရေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ငွေကြေးများကိုသုံးစွဲရန် ဆန္ဒပြသူများက တောင်းဆိုသည်။

လက်ရှိဖြစ်ပွားနေသော အစ္စရေးက ဂါဇာအပေါ် တိုက်ခိုက်မှုများသည် လက်မခံနိုင်သည့်အရာဖြစ်ကြောင်း၊ ဟားမတ်စ်၊ ဟစ်ဇ်ဘိုလာနှင့် အစ္စရေးတို့အနေဖြင့် အပစ်အခတ်ရပ်စဲရမည်ဖြစ်ကြောင်းနှင့် အရပ်သားများကို ပစ်ခတ်မှုရပ်တန့်ရမည်ဖြစ်ကြောင်း ဆန္ဒပြအဖွဲ့က တောင်းဆိုထားကြောင်း RT သတင်းဌာနတွင် ဖော်ပြထား သည်။

Telegram»…
https://t.me/positiveanglenews

PAN