ကြက်သွန်နီကို အစိမ်းစား ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

(ကျန်းမာရေးကဏ္ဍ)အောက်တိုဘာ ၁၃

     PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသု တရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ ကြက်သွန်နီကို အစိမ်းစား ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများအကြာင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

    ကြက်သွန်နီကို ပုံစံ အမျိုးမျိုးနဲ့ ဟင်းလျာ အမျိုးမျိုးထဲမှာ ထည့်စားတတ်ကြပါတယ်။ ကြက်သွန်နီကို အစိမ်းစားတာမျိုး ရှိသလို ကြော်စားတာ၊ ဟင်းအနှစ်အဖြစ် ချက်စားတာ စသဖြင့် အမျိုးမျိုး စားကြပါတယ်။ ကြက်သွန်နီကို ချက် ပြုတ် ကြော်လှော်ပြီး စားတာက အတော်လေးကို အရသာ တိုးစေနိုင်ပါတယ်။ ဒီလိုပဲ ကြက်သွန်နီကို အစိမ်းစား တာကလည်း ကျန်းမာ ရေးအတွက် အကျိုးကျေးဇူးများ ရနိုင်ပါတယ်။ 

      ကြက်သွန်နီက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတယ်လို့ နာမည်ကြီးတဲ့ မီးဖိုချောင် ပစ္စည်းတစ်မျိုးပါ။ ကြက်သွန်နီမှာ ဓာတ်တိုးပစ္စည်းတွေကြောင့် ဆဲလ်တွေ ပျက်စီးတာကို ကာကွယ်ပေးနိုင်တဲ့ ဖလေဗာနွိုက်နဲ့ phenolic ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ ဒါကြောင့် ဓာတ်တိုးပစ္စည်းတွေကြောင့် ကင်ဆာနဲ့ နှလုံးရောဂါ အပါအဝင် နာတာ ရှည် ကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

      ကြက်သွန်နီ အစိမ်းမှာပါတဲ့ quercetin လို့ခေါ်တဲ့ ဒြပ်ပေါင်းက သွေးတိုးကျစေသလို အရောင်ကျစေနိုင်ပါတယ်။ ဒါကြောင့် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာ ရေးကို ကောင်းမွန်စေပြီး သွေးခဲတာ သွေးကြောထဲမှာ အဆီစုပုံတာတွေလိုမျိုး နှလုံးသွေးကြောတွေကို ထိခိုက်စေနိုင်တဲ့ အခြေအနေတွေကို ကာကွယ်ပေးပါတယ်။

      ကြက်သွန်နီ အစိမ်းမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာက အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်း မှန်စေဖို့ရော အစာမကြေတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဝမ်းချုပ်တာမျိုး ကင်းစေပြီး အူမကြီးကို ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။

     ကြက်သွန်နီမှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေပြီး သွေးဖြူဥဆဲလ်တွေ ထုတ် လုပ်မှုကို တိုးမြှင့်ပေးနိုင်ပါတယ်။ အအေးမိ ဖျားနာတာတွေကို သက်သာစေနိုင်သလို အခြားသော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

     ကြက်သွန်နီ အစိမ်းမှာ ကယ်လ်ဆီယမ် ကြွယ် ဝစွာ ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေပြီး အရိုးပွရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနီုင်ပါတယ်။ အရိုးသိပ်သည်းဆ ကျဆင်းတာကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အရိုးပါးတာမျိုး ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

      ကြက်သွန်နီ အစိမ်းမှာပါတဲ့ allyl propyl disulfide လို့ခေါ်တဲ့ ဒြပ်ပေါင်း တစ်မျိုးက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးပြီး အမျိုးအစား -၂ ဆီးချို ရှိသူတွေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ အမျှင်ဓာတ် ပါဝင်နေတာကလည်း အစားစားပြီးချိန်မှာ ရုတ် တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

      အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေအပြင် ကြက်သွန်နီကို အစိမ်းစားပေးတာက ကယ်လ်လိုရီ ပါဝင်မှု နည်းသလို အဆီလည်း ပါဝင်မှု နည်းတာကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်တဲ့ အစားအစာလေးပါ။ 

       ကြက်သွန်နီက ကျန်းမာရေးကောင်းကျိုးများတယ်ဆိုပေမယ့် အများကြီးတော့ မစားသင့်ပါဘူး။ ရင်ပူတာမျိုး၊ပါးစပ်ထဲ ပူစပ်ပူလောင် ဖြစ်တာမျိုးကို ခံစားရနိုင်ပါတယ်။ ကိုယ့်မှာ အစာအိမ်ရောဂါရှိရင်၊ စားချဉ့်ပြန်တတ်တဲ့ ရောဂါရှိရင် အစိမ်းစားတာကို ရှောင်သင့်ပါတယ်။

#PAN