(ပြည်တွင်း) အောက်တိုဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ မြို့ကြီးကုန်းကျေးရွာတွင် နေထိုင်သော တရားခံ ကျော်ဆန်းဝင်းအား ယမန်နေ့က ကလေးခရိုင်တရားရုံးမှ ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ မြို့ကြီးကုန်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့ခြင်း၊ အကြမ်းဖက်အဖွဲ့များအတွက် ငွေကြေးများအကြိမ်ကြိမ်ထောက်ပံ့ခြင်းများ ကျူးလွန်ခဲ့သူ တရားခံ ကျော်ဆန်းဝင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၅)နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် (၁၂)နှစ် (တပေါင်းတည်း)ကျခံစေရန် အမိန့်ချ မှတ်လိုက်ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews