ရေဘေးသင့်ခဲ့သည့်ဒေသများတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ စိစစ်ထုတ်ပေး


(ပြည်တွင်း) အောက်တိုဘာ ၁၀

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေနဲ့ ရေဘေးဒဏ်ခံခဲ့ရတဲ့ ဒေသများမှ ‌ပျောက်ဆုံး/ပျက်စီးမှုများရှိခဲ့တဲ့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြန်လည်စိစစ်ထုတ်ပေး နေကြောင်း သိရသည်။

ဒါ့အပြင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကိုလည်း ကယ်ဆယ်ရေးစခန်းများသို့ ကွင်းဆင်း၍ လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်ပေးနေကာ မြို့နယ်စာ ရင်းစစ်၊ စာရင်းကောက်များက ရေဘေးသင့်ပြည်သူများကို သန်းခေါင်စာရင်းဆိုင်ရာ အစုအဖွဲ့မေးခွန်းပုံစံဖြင့် မေးခွန်းများမေးမြန်းပေးနေကြောင်း သိရသည်။

အခုလိုဆောင်ရွက်နေခြင်းကို ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် က လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာမှ ရေဘေးသင့်ပြည်သူများကို ပျောက်ဆုံး၊ ပျက်စီးသွားတဲ့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များ စိစစ်၍ပြန်လည်ထုတ်ပေး နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN