အထောက်အထားမဲ့ တရုတ်နိုင်ငံသား ၁ ဦး ဖမ်းဆီးရရှိ


(မှုခင်း) အောက်တိုဘာ ၈

ယမန်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ပူးပေါင်းလုံခြုံရေးအဖွဲ့မှ လှည့်ကင်းဆောင်ရွက်‌နေစဉ် အထောက်အထားမဲ့ တရုတ်နိုင်ငံသား ၁ ဦး ဖမ်းဆီးရမိကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ များ လှည့်ကင်း‌ဆောင်ရွက်နေစဉ် မုဒုံမြို့နယ်၊ ကျောက်တစ်လုံးကျေးရွာအုပ်စု၊ မုဒုံ-ကျိုက်မရောသွားကားလမ်းဝအရောက်တွင် အမျိုးသားတစ်ဦး အား မသင်္ကာဖွယ်တွေ့ရှိရသောကြောင့် မေးမြန်းခဲ့ရာ တရုတ်နိုင်ငံသား(မြန်မာစကားမပြောတက်) ၁ ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်းငံသားအား စစ်ဆေးမေးမြန်းခဲ့ရာ LI NING၊ အသက် ၂၇ နှစ်၊ (ဘ)လီကျားထုံ၊ ယိလင်မြို့၊ ကွမ်ရှီးပြည်နယ်၊ တရုတ်နိုင်ငံသား တစ်ဦးဖြစ်ကြောင်း ကနဦးသိရပြီး ပူးပေါင်းလုံခြုံ‌ရေးအဖွဲ့များမှ ဥပဒေနှင့်အညီ ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN