တရုတ်အိုးပင်းမှာ ဆာဘာလန်ကာကို အနိုင်ယူကာ ဆီမီးဖိုင်နယ်တက်ရောက်ခဲ့တဲ့ မူချိုဗာ


(အားကစား) အောက်တိုဘာ ၇

ချက်တင်းနစ်မယ် မူချိုဗာ ဟာ တရုတ်အိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်း ကွာတားဖိုင်နယ်မှာ ဆီဒင်အဆင့်(၁) ရထားတဲ့ ဆာဘာလန်ကာ ကို အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ မူချိုဗာ နဲ့ ဆာဘာလန်ကာ တို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

မူချိုဗာကလည်း သူမရဲ့အကောင်းဆုံးလက်စွမ်းနဲ့အတူ ဆာဘာလန်ကာကို တုန့်ပြန်နိုင်ခဲ့တာကြောင့် အကြိတ်အနယ် ရှိခဲ့ပြီးပွဲကစားချိန် ၃ နာရီနီးပါး ကြာမြင့်ခဲ့ပြီး မူချိုဗာ က ၇း၆၊ ၂း၆၊ ၆း၄ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။

မူချိုဗာ ဟာ ဆီမီးဖိုင်နယ်အဆင့်မှာတော့ တရုတ်တင်းနစ်မယ် ကျန်ကွင်းဝမ် နဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN