ဥရောပကော်မရှင်ရဲ့ ဆုံးဖြတ်ချက်က တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲဆီကို ဦးတည်စေ

(နိုင်ငံတကာ) အောက်တိုဘာ ၅

     ဥရောပကော်မရှင်၏ ဆုံးဖြတ်ချက်တစ်ခုဖြစ်သော တရုတ်နိုင်ငံထုတ် ဘက်ထရီကားများကို သွင်းကုန် အခွန်တိုးကောက်မည့် အစီအစဉ်က ဥရောပသမဂ္ဂနှင့် တရုတ်နိုင်ငံတို့အကြား ကုန် သွယ်ရေးစစ်ပွဲ ဖြစ်ပွားစေသည်အထိ ဦးတည်စေမည်ဟု ဝေဖန်ရေးသမားများက သတိပေးထား သည်။

       တက်စလာကဲ့သို့ အာရှနိုင်ငံများတွင် ထုတ် လုပ်မှုလုပ်ဆောင်ပြီး ဥရောပသို့တင်သွင်းလာသည့် ကားများကိုမူ သွင်းကုန်အခွန် ၇ ဒသမ ၈ ရာခိုင်နှုန်းသာ ကောက်ခံမည်ဖြစ်သော်လည်း တရုတ်ကုမ္ပဏီများအနေဖြင့် ထုတ်လုပ်သော ဘက်ထရီကားများကိုမူ သွင်းကုန်အခွန် ၃၅ ဒသမ ၃ ရာခိုင်နှုန်းကောက်ခံရန် ဥရောပကော် မရှင်က ဆုံးဖြတ်ချက်ချလိုက်ခြင်းဖြစ် သည်။

       ထိုသို့ ကောက်ခံမှုသည် ဥရောပသမဂ္ဂ၏ ကားများအပေါ် စံပြုသွင်းကုန်အခွန်ဖြစ်သော ၁၀ ရာခိုင်နှုန်းထက် များစွာမြင့်မားနေသည်။ ထိုဆုံး ဖြတ်ချက်သည် နောက်ငါးနှစ်အထိ အသက်ဝင်နေမည်ဖြစ်သည်။

       ထိုဆုံးဖြတ်ချက်ချမှုကို ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံအနက် ၁၀ နိုင်ငံကသာ ထောက်ခံခြင်းဖြစ်ပြီး အဖွဲ့ဝင်ငါးနိုင်ငံက ကန့်ကွက်ကာ ၁၂ နိုင်ငံက ကြားနေအဖြစ် ရပ်တည်သည်။

      ယင်းသို့ သွင်းကုန်အခွန်များကောက်ရခြင်းသည် ဥရောပရှိကားထုတ်လုပ်သူများအတွက် မျှတသော ပြိုင်ဆိုင်မှုဖြစ်စေရန်ဟု ပြောထားသော်လည်း ထိုဒေသတွင်မော်တော်ကားများကို အများဆုံးထုတ်လုပ်နေသည့် ဂျာမနီနိုင်ငံက ထိုလုပ်ရပ်ကို ပြင်းထန်စွာကန့်ကွက်ထားသည်။

       တရုတ်အစိုးရကမူ ဥရောပကော်မရှင်၏ လုပ် ဆောင်ချက်နှင့်ပတ်သက်၍ ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့သို့ တိုင်ကြားသွားမည်ဖြစ်ကြောင်း၊ ဥရောပ၏ လုပ် ဆောင်မှုသည် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရေးအထွက် တစ်ကမ္ဘာလုံး၏ ပူးပေါင်းဆောင်ရွက်မှုကို အားနည်းစေကြောင်းနှင့် ဥရောပမှတင်သွင်းသည့် ကုန်ပစ္စည်း များအပေါ် စုံစမ်းစစ်ဆေးမှုများ လုပ် ဆောင်နေကြောင်း ပြောထားသည်ဟု သိရသည်။

#PAN