တရုတ်ယွမ် ၁ ဒသမ ၂ သန်းကျော်နှင့် ထိုင်းဘတ် ၁၀ သန်း ဗဟိုဘဏ်‌ ရောင်းချပေး

(ပြည်တွင်း) အောက်တိုဘာ ၄

        မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အောက်တို ဘာလ ၂ ရက်တွင် FX Market Online Trading Platform မှ တစ်ဆင့် ငွေလဲနှုန်း ၄၉၈ ဒသမ ၂ ကျပ်ဖြင့် တရုတ်ယွမ် ၁ ဒသမ ၂ သန်းကျော်၊ ငွေလဲနှုန်း ၁၀၇ ဒသမ ၁ ကျပ်ဖြင့် ထိုင်းဘတ် ၁၀ သန်းကို ထပ်မံရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။

       ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်မှ စက်တင်ဘာ လ ၃၀ ရက်အထိ နှစ်လတာကာလအတွင်း အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၁၆၉ သန်း၊ တရုတ်ယွမ်ငွေ သန်း ၃၀ ခန့်နဲ့ ထိုင်းဘတ်သန်း ၃၂၀ ကျော်အထိ ထုတ်ရောင်းပေးထားပြီး ဖြစ်ပါတယ်။

       နိုင်ငံခြားငွေများကို မကြာခဏဆိုသလို ရောင်းချပေးမှုကြောင့် ကျပ် ၇,၀၀၀ ကျော်အထိ မြင့်တက်ခဲ့သော ဒေါ်လာဈေးနှုန်းမှာ စက်တင် ဘာလ ၂၇ ရက်မှစ၍ ကျပ် ၅,၀၀၀ အောက်သို့ ပြန်လည်ကျဆင်းခဲ့ပြီး အောက်တိုဘာလ ၃ ရက်တွင် တစ်ဒေါ်လာကို ကျပ် ၄,၇၅၀၊ ယွမ်ငွေ တစ်ယွမ်လျှင် ၆၅၉ ကျပ်၊ ထိုင်းဘတ် တစ်ဘတ်လျှင် ၁၃၉ ဒသမ ၈၆ ကျပ်အထိ ငွေကြေးဈေးကွက်အတွင်း ပြောင်းလဲမှုများဖြစ်ပေါ်ခဲ့တာကို တွေ့ရပါတယ်။

#PAN